UnicodeYg: ဟူး...သတ်ဆိုလည်းသတ်ရတာပေါ့
Yoongi အခန်းထဲကထွက်လိုက်တော့ မြေအောက်ထပ်ကိုရောက်နေမှန်းသိလိုက်တယ်။
လျှောက်လမ်းအတိုင်း လှေကားနဲ့အပေါ်ကိုအတပ် လှေကားထိပ်မှာ အသင့်ရပ်စောင့်နေတဲ့ အိမ်တော်ထိန်းကြီးကိုတွေ့တာကြောင့်
Yg: ရှင်းလိုက်တော့
အိမ်တော်ထိန်းက ခေါင်းညိတ်ရုံညိတ်လိုက်ပြီး မြေအောက်ခန်းထဲကိုဝင်သွားသည်။
Yoongi သူ့မှတ်ဉာဏ်ထဲကအတိုင်း အိပ်ခန်းကိုရှာလိုက်ပြီးတော့ သူ့တစ်ကိုယ်လုံးမှာပေနေတဲ့သွေးတွေကြောင့်ရေချိုးမလို့ပြင်လိုက်တယ်။
Yoongi ရေချိုးနေရင်း သူ့ရဲ့သားကောင်တွေအကြောင်း ဆုံးဖြတ်ရခက်နေ၏။အင်း.....ဘယ်လိုလူမျိုးတွေကို သတ်ရင်ကောင်းမလဲ။ ဇာတ်လမ်းထဲကလိုတော့ အချစ်နွံထဲနစ်နေပြီး taehyun နားကပ်တဲ့လူတိုင်းကိုမသတ်ချင်ပါ။ ပြီးတော့ taehyun ကသူ့ချစ်သူမှန်းလည်းမသေချာသေးဘူးလေ။
Yoongi မူလပိုင်ရှင်ရဲ့ငယ်ဘဝကိုစဥ်းစားလိုက်တယ်။ အင်း...မူလပိုင်ရှင်ရဲ့ မိဘနှစ်ပါးကနဂိုတည်းက အိမ်ထောင်ရေးအဆင်မပြေကြပါ။ Min သူဌေးကြီးက သူ့မိန်းမကို ချစ်သော်လည်း သူ့မိန်းမကတော့ ပွေရှုပ်လွန်းလှသည်။ yoonie ကို အိမ်တော်ထိန်းလက်ထဲမှာထည့်ထားခဲ့ပြီး သူကတော့အပြင်ထွက်အပျော်ရှာနေတတ်၏။Min သူဌေးက အစကနားလည်ခွင့်လွှတ်ပေးသော်လည်း နောက်ပိုင်းမှာတော့ လင်မယားချင်းပြဿနာခဏခဏတက်ကြတယ်။ yoonie အသက် 12 နှစ်လောက်အရွယ်မှာ အိမ်တော်ထိန်းကြီးနဲ့ ကစားနေတုန်း မိဘတွေရဲ့အခန်းထဲက ဗီဒိုထဲဝင်ပုန်းမိသည်။ အဲ့အချိန်မှာ သူ့အမေက အခန်းထဲဝင်လာပြီး တခြားတစ်ယောက်နဲ့ ဖောက်ပြန်တာကိုမျက်စိနဲ့ တပ်အပ်မြင်လိုက်ရတယ်။
Yoonie ဒီလူကြီးကို သိပါတယ်။ အခုနောက်ပိုင်း အဖေရဲ့ မိတ်ဆွေဆိုပြီးတော့ အိမ်ကိုခနခနလာနေတဲ့ လူကြီး။ yoonie စဥ်းစားနေတုန်း အခန်းတံခါးက ဝုန်း ကနဲပွင့်သွားပြီး အပြင်မှာတော့ လက်သီးတစ်ဖက်ကိုကျစ်ကျစ်စုပ်ထားပြီး နောက်တစ်ဖက်ဓားကိုကိုင်ထားကာ အလွန်အမင်းဒေါသထွက်နေဟန်ရှိတဲ့အဖေ။ နောက်တော့အဖေက အခန်းထဲကိုပြေးဝင်သွားပြီး အမေရော ဟိုလူကြီးကိုပါအတင်းဓားနဲ့ပြေးထိုးသည်။
CZYTASZ
System 13 (season 2 ) (Completed)
Fanfictionyg: ငါဘယ်ရောက်နေတာလဲ။ပြီးတော့....ငါ..ငါကဘယ်သူလဲ။ v: အားလုံးမောင့်အပြစ်တွေပါအချစ်ရယ်။အချစ်ရဲ့နောက်ကိုလိုက်ပြီးမောင်တောင်းပန်ပါမှာမလို့ မောင့်အနားကနောက်တစ်ခါထွက်မသွားပါနဲ့ကွာ။ ( ဟိဟိ...taegi လေးရေးချင်လာလို့ပါ😁😁)