Unicodeအခုတလောငြိမ်နေတဲ့ပါးပါးဖြစ်သူကြောင့် လျှိုချင်လန်စိတ်အေးနေရပါတယ်။မိမိကိုလည်းသိသိသာသာဂရုစိုက်နေတဲ့အပြင်ညီငယ်လေးတွေကိုပါ ထိန်းထိန်းသိမ်းသိမ်းလုပ်နေတော့
လျှိုချင်းလန်' s pov: နောက်ဆုံးတော့ပါးပါးက ငါ့တို့ကိုချစ်ခင်လာပြီဘဲ။ခမည်းတော်သာသိရင်ဘယ်လောက်ဝမ်းမြောက်လိုက်မလဲ။
လျှိုချင်းပိုင် ကျင့်ကြံပြီးပြန်လာတော့ အသိုက်ထဲမှာမရှိတော့တဲ့ အိမ်သူသက်ထားလေးအပြင် သားကြီးနဲ့ ဥလေးသုံးလုံးပါပျောက်နေသည်မလို့ခေါင်းတောက်အောင်လိုက်ရှာနေသည်။ မဟုတ်မှ သူနားကထွက်ပြေးသွားတာတော့မဟုတ်ဘူးမလား။လျှိုချင်းပိုင်တစ်တောလုံးလိုက်ရှာခဲ့ပေမယ့် သူကိုယ်တိုင်တည်ဆောင်ထားတဲ့စံအိမ်တော့မပါ။ မင်ယွင်ကိုယ်တိုင်က မနေချင်လွန်းလို့တော့သူ့ဘာသူအသိုက်ဆောက်ပြီးအပြင်မှာလာနေတာမလား။
နောက်ဆုံးမောပန်းစွာနဲ့ အသိုက်ထဲဝင်ခွေနေလိုက်တယ်။တခြားသားရဲတွေမြင်ရင်တော့သူ့ကိုလှောင်ကြတော့မှာ။ဒါပေမယ့်သူအခုချိန်မှာဘာကိုမှဂရုမစိုက်နိုင်။ တအောင့်လောက်ကြာမှသတိရတယ်။သူပူထူပြီးတော့လိုက်ရှာနေတာ သူသားကြီးနဲ့စိတ်ချင်းဆက်သွယ်လို့ရနေတာဘဲ။
လျိုချင်းပိုင်အာရုံတွေကိုစုစည်းလိုက်ပြီးမျက်လုံးတွေကိုမှတ်ထားလိုက်တယ်။
သားကြီးဖြစ်သူပြောတဲ့စကားကြောင့်လျိုချင်းပိုင်မယုံနိုင်သလိုပင်ဖြစ်ခဲ့ရတယ်။ဘယ်လိုလုပ်သူ့အိမ်သူသက်ထားသည်းညှာလေးက သူဆောက်ပေးထားတဲ့အိမ်တော်မှာနေနေတဲ့အပြင် သားတွေကိုလည်းသေချာဂရုစိုက်ပေးနေသည်တဲ့။ သူဒီတစ်ခေါက်ကျင့်ကြံတာများသွားလို့ရူးသွားတာတော့မဟုတ်ဘူးမလား။လျိုချင်းပိုင်မျက်ရည်တွေတောင်ဝဲလာတယ်။သူတစ်သက်လုံးလိုချင်နေတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ရတော့မှာလားဆိုတဲ့အသိကသူ့ကို စိတ်လှုပ်ရှားစေဖို့လုံလောက်တယ်။
လျိုချင်းပိုင်လျင်လျင်မြန်မြန်ပင်အိမ်ကိုပြန်လိုက်တော့ အိမ်ရှေ့မှာသားငယ်လေးသုံးကောင်ကိုချော့မြှူနေတဲ့ မင်ယွင်ကြောင့်
YOU ARE READING
System 13 (season 2 ) (Completed)
Fanfictionyg: ငါဘယ်ရောက်နေတာလဲ။ပြီးတော့....ငါ..ငါကဘယ်သူလဲ။ v: အားလုံးမောင့်အပြစ်တွေပါအချစ်ရယ်။အချစ်ရဲ့နောက်ကိုလိုက်ပြီးမောင်တောင်းပန်ပါမှာမလို့ မောင့်အနားကနောက်တစ်ခါထွက်မသွားပါနဲ့ကွာ။ ( ဟိဟိ...taegi လေးရေးချင်လာလို့ပါ😁😁)