Unicode
တစ်ခါတုန်းက ချိုးကျင်းသည်လည်း ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ဒဏ္ဍာရီတစ်ခုဖြစ်ခဲ့သည်။ သူသည် သာမန်သာ မွေးဖွားခဲ့သော်လည်း မိုးကောင်းကင်က သူ့အား ကြည့်ကောင်းသော ရုပ်ရည်နှင့် ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်တို့အား ပေးအပ်ခဲ့သည်။ သူသည် စိန်ခေါ်ဖွယ်အတွေ့အကြုံတို့ကို ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ပြီး အတွေ့အကြုံရင့် သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက် သူ၏ စွမ်းရည်များနှင့် ရုပ်ရှင်ဧက္ကရာဇ်ဆိုသည့် ဆုအား ချုပ်ကိုင်ခဲ့သည်။ သူ၏ မျှော်လင့်ချက်များမှာ အကန့်အသတ်မဲ့ခဲ့သည်။ သို့သော် မမျှော်လင့်သော ကံခေမှုများ၌ သူရေထဲသို့ ပြုတ်ကျသွားကာ ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ သူ omega superstar တစ်ယောက် ဖြစ်လာခဲ့သည်။
ထိုလူ့အသိုင်းအဝိုင်းနှင့် ရောနှောနေနိုင်ရန် မင်းရဲ့ ဖယ်ရိုမွန်းတွေကိုပဲ အလိုရှိတယ် က ABO ဗဟုသုတအကြောင်း နားလည်စေရန် သူဖတ်ခဲ့သော *JJ Danmei novel တစ်ပုဒ်ဖြစ်သည်။
(T/N: မသိတဲ့သူများအတွက် JJ Danmei novel ဆိုတာ JJ က jjwxc ဆိုတဲ့ noevl ဖတ်တဲ့ website တစ်ခုဖြစ်ပြီး danmei ဆိုတာက တရုတ်လို "boy's love" ကို ပြောတာပါ)
မူရင်းစာအုပ်ထဲက အဓိက Gong က တစ်သီးတစ်ခြားနေတတ်သော အာဏာရှင် CEO ကြီး ကျိရှန်ရှောင်းဖြစ်သည်။ သူက အမြင့်ဆုံးအဆင့်ရှိ Alpha ဖြစ်သည်။ သူ၏ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းက အလွန်ပြင်းထန်ပြီး omega ဘယ်လောက်များများ သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားပါစေ သူဟာ တောင်တစ်လုံးကဲ့သို့ ရွေ့လျားမှုမရှိ တည်ငြိမ်နေခဲ့သည်။ ထိုအရာက သူ အဓိကဇာတ်လိုက် Shou ကို မတွေ့ခင်အထိဖြစ်ပြီး သူ၏ ဒုတိယသွေးကြောကို နိုးထစေကာ သူ့ကို အရက်စက်ဆုံး gong ခွေးတစ်ကောင်အဖြစ် ပြောင်းလဲစေခဲ့သည်။
ပြီးတော့ ချိုးကျင်းကတော့ ကျိရှန်ရှောင်းနှင့် ယှဥ်ပြိုင်သော အမြှောက်စာဇာတ်ကောင် alpha ဖြစ်သည်။
မာနကြီးပြီး မတရားအုပ်စိုးလိုကာ ခွန်အားသုံးရယူဖို့ ကြိုးစားရင်း ကြီးကျယ်စွာ ကျရှုံးရသည်။ သူက အဓိကဇာတ်လိုက်၏ အောက်ဆုံးစည်းကို ထပ်ကာ ထပ်ကာ စိန်ခေါ်ခဲ့သည်။ နောက်ဆုံးမှာတော့ သူ့ရဲ့ gland က ပျက်စီးသွားကာ သူ၏မိသားစုက ဆင်းရဲမွဲတေသည့် လမ်းသို့ ကျဆင်းသွားခဲ့သည်။
YOU ARE READING
ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!
RomanceTitle - This Alpha's pheromones are exploding! Author - Shao Tang Status - Completed Status in COO - 79 chapters + 9 extras (Unicode+Zawgyi code) This is just fan translation! I give all the credits to original author and eng translator. Also cover...