Chapter 2.4

885 162 14
                                    

Unicode

ဒါလေးကို သတိတရမျှော်နေပေးလို့ ကျေးဇူးတင်ပါတယ်🥰

___________

အရင်က "လေးရာသီစားဖွယ်" အဖွဲ့သည်လည်း ချိုးကျင်းအား variety show သို့ ဖိတ်ခေါ်ဖူးပါသည်။ သို့သော် ချိုးကျင်းက ထိုအရာကို အဖက်မတန်သလို ဆက်ဆံခဲ့သည်။ သူက ဖိတ်ခေါ်မှုကို ငြင်းဆန်ရုံတင် မကဘဲ သူ၏ weibo ပေါ်တွင် "မြေကြီးတူးသည့် variety show"ဟု လှောင်ပြောင်ခဲ့ကာ *လေပြင်းနှင့် သွေမိုးများကို ဖြစ်စေခဲ့သည်။

(T/N: *လေပြင်းနှင့် သွေးမိုးများ = မကောင်းတဲ့ toxic ဆန်တဲ့ သဘောကို ဖြစ်စေတဲ့ သဘောဆောင်တဲ့ စကား)

အခုတော့ သူက အဲ့ show မှာ ပါရဖို့ စိတ်ပူပန်နေခဲ့ရပြီ။ ပြောရရင်တော့ သူ့မျက်နှာကို သူ့ဘာသာ ပြန်ရိုက်ခြင်းနှင့် တူနေခဲ့သည်။

ချိုးကျင်း: "ကျွန်တော်ရဲ့ ဒေါသစိတ်ကို ထိန်းချင်လို့ပါ"

ချိုးယိချင်က နှာမှုတ်လိုက်သည်: "ငါ အဲ့တာကို ယုံမယ်လို့ မင်းထင်နေတာလား?"

ချိုးကျင်းက သူ့ခေါင်းကို ကုတ်လိုက်ပြီး ရှက်ရွံ့သည့် အသံနှင့် ပြောလိုက်သည်။

"ကျွန်တော့်မှာ အခု မကောင်းတဲ့ ဖန်တွေ များနေတာ အစ်ကိုလည်း သိပါတယ်။ ဒါကြောင့် ကျွန်တော့်ကို သဘောကျတဲ့ အမြင်တွေ ပြန်တက်လာအောင် variety show တွေမှာ ပါချင်တာ"

ဒါဟာ အလိမ်အညာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုပြီး အရေးပါရတဲ့ အကြောင်းအရင်းက သူဟာ "လေးရာသီစားဖွယ်" show ၏ lifestyle ကို အားကျ၍ ဖြစ်သည်။ တစ်နေ့တာ ထမင်းသုံးနပ်ကို သူကိုယ်တိုင် လက်နှင့် ပြုလုပ်ရပြီး *ကောင်းကင်ပေါ်ရှိ ဖြည်းဖြည်းချင်း လွင့်ပြယ်လာသော တိမ်များကို ကြည့်ရှုရသည်။ ဤအရာက သူကလေးတုန်းက သူ့အဖိုးနှင့်အတူ ရှိခဲ့သည့် နေ့ရက်များကို သတိရစေသည်။ ထိုအရာမှာ *သူ့ကလေးဘဝ မှတ်ဉာဏ်များ၏ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

(T/N: အပေါ်က *စာကြောင်း အဓိပ္ပါယ်က သူ့အနေနဲ့ ဘာမှ stress မပိဘဲ တိမ်တွေ ရွေ့တာကိုတောင် အေးဆေးကြည့်ပြီး သဘာဝတရားကြီးကို ခံစားခွင့်ရတယ်လို့ ဆိုလိုတာ။

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now