Unicode
reader လေးတစ်ယောက်က နာမည်တွေကို မြန်မာလို ပြန်ပေးပါဆိုလို့ ကျနော်ပြန်ပေးလိုက်ပါတယ်😊 ဒါပေမဲ့ တရုတ်စာတတ်တာ မဟုတ်လို့ အသံထွက်မှားသွားခဲ့သည်ရှိသော် နားလည်ပေးကြပါ🙏 သိတဲ့သူတွေကလည်း ကျနော့်ကို လာပြောနိုင်ပါတယ်😁
_____• ♠ 🅰 ♠ •_____
"အရှက်မဲ့လိုက်တာ!"
အမျိုးသားတစ်ယောက်၏ ဒေါသထွက်နေသော အသံနှင့်အတူ ချိုးကျင်း ဘန်းကနဲ ရေထဲ ပြုတ်ကျသွားခဲ့သည်။
သူအကူအညီ လှမ်းခေါ်ချင်သော်လည်း "ဂရူးဂရူး" ဆိုသော အသံသာ လုပ်လိုက်နိုင်ပြီး သူ့အရှေ့တွင် အနက်ရောင်အရိပ်တစ်ခု ဖြတ်ကနဲပေါ်လာသည်ကို တွေ့လိုက်သည်။
(T/N: အာသာက မရှင်းထားပေမဲ့ အဲ့တာ ရေမွန်းတဲ့ အသံလို့တော့ ကျနော်ထင်တာပဲ😂 သိတယ်မလား ပါးစပ်ထဲရေဝင်ပြီး သီးသွားတာမျိုးလေ)
အသက်ကယ်သည့် ကောက်ရိုးတစ်မျှင်အား တွေ့လိုက်ရသကဲ့သို့ ချိုးကျင်းရေတွေကို ဖမ်းသလိုမျိုး ထိုအရာအား လက်လှမ်းလိုက်သည်။ အနက်ရောင်အရိပ်မှာ ပျောက်ကွယ်သွားပြီး ပန်းရောင်တုန်ခါနေသော အရာတစ်ခု ပေါ်လာတော့သည်။
ပန်းရောင်ဆင်လေးမှာ မွားသွားခဲ့သည်။ ပန်းရောင်ဆင်ကြီးကတော့ ယခုလိုအခြေအနေမျိုးနှင့် လုံးဝ ပက်ပင်းမကြုံဖူးသောကြောင့် ရှော့ခ်အကြီးကြီးရသွားခဲ့ပြီး ချိုးကျင်းဆီသို့ မျက်နှာသေနှင့် ထိုးဖောက်ချင်သည့်ပုံ ကြည့်နေခဲ့သည်။
(T/N: ဆင်လေးက ဘယ်သူ ၊ ဆင်ကြီးက ဘယ်သူဆိုတာ ဒါဒါလေးတို့ဘာသာသိမယ် ထင်ပါတယ်🤣)
ဘာကြီးလဲ? ချောမွေ့တောက်ပြောင်ပြီးတော့ ကျိချွဲချွဲပုံနဲ့ ၊ သူသွေးလေမှားပြီး စိတ်ခြောက်ချားနေတာများလား?
ချိုးကျင်းသူ့မျက်လုံးတွေကို ခတ်လိုက်ပြီး သန်စွမ်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ရင်အုပ်ကြွက်သားများဆီသို့ မော့ကြည့်လိုက်သည်...
"ဝေးဝေးနေစမ်း!"
ခေါင်းပေါ်မှ ကြမ်းတမ်းသည့် အသံတစ်ခု ပေါ်လာပြီး တစ်ချိန်ထဲမှာပဲ ခြေဖဝါးတစ်ခုက လျှင်မြန်စွာ ကန်လိုက်ကာ သူ့ရင်ဘက်ကို ရိုက်မိသွားတော့သည်။
KAMU SEDANG MEMBACA
ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!
RomansaTitle - This Alpha's pheromones are exploding! Author - Shao Tang Status - Completed Status in COO - 79 chapters + 9 extras (Unicode+Zawgyi code) This is just fan translation! I give all the credits to original author and eng translator. Also cover...