Chapter 2.1 > AA လည်း အဆင်ပြေတာပဲလား?

1.4K 255 15
                                    

Unicode

(T/N: AA ဆိုတာ alpha x alpha relation ကို ပြောချင်တာပါ)

မူရင်းhostက သူ့ဘာသာ နွံအိုင်ထဲ အတော်အသင့် ခုန်ဝင်ထားသော်လည်း သူသည် တစ်ချိန်က ဖျော်ဖြေ​ရေးအသိုင်းအဝိုင်းထဲတွင် ထိပ်၌ ရှိခဲ့သေးသည်ပဲလေ။

ချိုးကျင်းက သူ၏ပွဲဦးထွက်ကို အသက် ၁၆ ၌ စတင်ခဲ့သည်။ အသက် ၁၈ တွင် သူ၏ အဆင့်အတန်းမြင့်သော ပုံပန်းသွင်ပြင်နှင့် ချမ်းသာသော မိသားစုနောက်ခံကို မှီခိုကာ ဖျော်ဖြေရေးအသိုင်းအဝိုင်းကို အကြီးကြီး ရိုက်ခတ်ခဲ့သည်။ ထိုအချိန်တုန်းက ရှန်းရှီဆိုသည်မှာ အသိုင်းအဝိုင်းထဲသို့ ဝင်ကာစ ဘာမှမဟုတ်သော သူဖြစ်သည်။

သူတို့နှစ်ဦးဟာ ခရီးသွား variety show တစ်ခုတွင် အတူတူတွဲလုပ်ကြရင်း ပရိသတ်များကို စုံတွဲတစ်တွဲအဖြစ် ဟန်ဆောင်ကာ မျှားခဲ့ရသည်။ တစ်ဖက်က show ကို အရှိန်မြင့်စေရန် ကြိုးစားနေသော်လည်း အခြားတစ်ဖက်မှာတော့ ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာပြီးနောက်မှာတော့ ချိုးကျင်းက တစ်ဖက်လူအား မဆုတ်မနစ် စတင်လိုက်တော့သည်။ သူ့က *shamate အတွက် ကိုယ်ဟန်ပြသော သူလို့တောင် အလွယ်ပြောနိုင်သည်။ သူ၏ လုပ်ရပ်များက အဆင့်အတန်းနိမ့်ကာ ခံစားနိုင်စွမ်းလည်း မရှိပေ။

(T/N: shamate ဆိုတာ ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ပြီး ဖြောင့်တန်းပြီး ထောင်နေတဲ့ အရောင်တောက်တောက် ဆံပင်နဲ့ လူငယ်တွေကို ပြောတာပါ။ အချို့ကတော့ ဟိတ်ဟန်များတဲ့ အဝတ်အစားတွေ ၊ ထူထဲတဲ့ မိတ်ကပ် ၊ ချဲ့ကားထားတဲ့ ဆံပင်တွေနဲ့ ပညာမတတ်တဲ့ လူငယ်တွေကို ခေါ်တယ်လို့ ဖော်ပြထားတယ်။ သူတို့ ပုံတွေကို မြင်ချင်ရင်တော့ ဂလူးဂလဲမှာ ရိုက်ရှာနိုင်ပါတယ်😃

အဲ့စာကြောင်းက ချိုးကျင်းက အဲ့စတိုင်လိုမျိုး ဖြစ်တယ်လို့ ဖော်ပြချင်တာပါ ၊ အဲ့လူတွေလောက်တော့ မဆိုးပါဘူး😅 အာသာက တင်စားထားရုံပါ)

ရှန်းရှီမွေးနေ့တွင် သူက ဇိမ်ခံကားတစ်စီး ပို့ပေးခဲ့သည်။ ထိုသို့ ကြီးမားတဲ့ လက်ဆောင်တစ်ခုကို ပေးရုံတင်မကဘဲ messages တွေနှင့် သူ့(ရှန်းရှီ) *moments ကို လွှမ်းမိုးအောင် လုပ်ထားခဲ့သည်။

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Onde histórias criam vida. Descubra agora