-1-

9.2K 423 132
                                    

°Unicode version°

"မောင်လေး...အဆင်ပြေရဲ့လားဟင်..."

"အာ!...ဟုတ်ကဲ့..."

ချွဲပျစ်ပျစ်ညုတုတုအမေးကိုခပ်ပြုံးပြုံးပင်အလိုက်အထိုက်ခွန်းတုံ့ပြန်လိုက်ပေမဲ့ရှေ့ကကောက်ညှင်းထုပ်မမကိုကြည့်ပြီးရှောင်းကျန့်စိတ်တွေတော်တော်ချည်နေလေပြီ။အလှဓာတ်ပုံလာရိုက်မှန်းသိပေမဲ့ ကျပ်ထုပ်နေတဲ့ကိုယ်ကျပ်အက်ျီပေါင်လယ်လောက်နဲ့ရင်နှမွှာပြူးထွက်နေသည့်သူမကိုကြည့်ပြီးရှောင်းကျန့်ပင် မသက်သာသလိုခံစားလာရသည်အထိ။

တကယ် စိတ်ညစ်ညူးစရာ...ကော်ဘတ်အရုပ်လိုပြူးနေသည့်မျက်လုံးတွေနဲ့ထူထူထဲထဲမျက်တောင်တုနဲ့ထိုအမကြီး။မျက်နှာမှာမိတ်ကပ်ပလပျစ်နှင့်မဆွဲတတ်ဆွဲတတ်ဆွဲထားသည့်မျက်ခုံးတန်းမဲမဲကြီးကမျော့ကြီးကပ်နေသလိုပဲ။မတက်နိုင်...သူ့အလုပ်ကဓာတ်ပုံရိုက်ပေးရမှာထိုမလှမပအမကြီးကိုကြိတ်မှိတ်ရှူစားရင်းသာကင်မရာခလုတ်တွေပေါ်လက်ချောင်းသွယ်သွယ်တို့စတင်လှုပ်ရှားလိုက်တယ်။

clack! clack! clack!

ဟိုအမကြီးကလည်းမခေသည့်ကြော်ငြာမော်ဒယ်မို့ပိုစ်ပေးချက်ကကြမ်းသည်။ရှောင်းကျန့်ကလည်းတော်ရုန်တန်ရုန်အနားသွားမကပ်ချင်တာမို့အကြည့်ရဆိုးသည့်တချို့တလေကိုပင်သွားပြင်မပေးတော့ပဲဓာတ်ပုံကိုသာဂရုတစိုက်ရိုက်ပေးလိုက်တော့တယ်။

"ဟယ်တော့!...အရမ်းစိတ်တိုင်းကျတာပဲ...နောက်တခါဆိုလည်း မောင်လေးကိုပဲသုံးတော့မယ်...ဟင်း!..."

ဓာတ်ပုံရိုက်အပြီးအနားလာကပ်ရပ်တာမို့ပုံတွေဆွဲဆွဲပြလိုက်တော့ရှောင်းကျန့်ကောင်းမှုနဲ့ကြည့်ပျော်ရှုပျော်ဖြစ်နေသည့်ကင်မရာscreenထက်ကသူမပုံရိပ်တွေကိုကြည့်ပြီးပွတ်သီးပွတ်သပ်လာလုပ်နေသေးသည်။ရဲရဲနီ​​နေသည့်နှုတ်ခမ်းပြဲပြဲကြီးကိုလက်တစ်ဖက်နဲ့အသာကာရင်းတဟင်းဟင်းရယ်နေပုံကလည်းရှောင်းကျန့်နားထဲကိုးလို့ကန့်လန့်။

"ဟုတ်ကဲ့...စိတ်ကျေနပ်တယ်ဆိုနောက်လည်းလာခဲ့လို့ရပါတယ်ခမျ..."

"လာရမှာပေါ့!...ဒါနဲ့ ဒို့နာမည်က ဒေလီယာ...မှတ်ထားနော်မောင်လေး..."

left In The Dark[Complete]Where stories live. Discover now