-3-

2.4K 263 72
                                    

°Unicode version°

အချိန်အားဖြင့်ညနေခင်းနေဝင်ရီတရောပတ်ဝန်းကျင်မှာမှိုင်ပျပျနှင့်မိုးသားတို့ကခပ်အုံ့အုံ့။အနီးကtelephoneအိမ်သေးသေးလေးကိုကွယ်ရပ်ရင်းရဲကားတွေနဲ့ခြေရှုပ်နေသည့်babyတို့အိမ်ကိုရှောင်းကျန့်လှမ်းအကဲခတ်နေမိတယ်။

လူနာတင်ယဥ်ပေါ်ကအဝတ်ဖြူအုပ်ထားသည့်အလောင်းနဘေးတရှုံ့ရှုံ့ငိုနေသည့်မိခင်ဖြစ်သူကိုကြည့်ရင်းရှောင်းကျန့်ရင်ခွင်ထဲကနေရိပေါ်ကလက်သီးတွေတင်းနေအောင်စုတ်ရင်းမျက်လုံးအိမ်တို့ကနီဆွေးနေလျှက်။keep outကြိုးတန်းဝါဝါကြီးကလည်းထိုအိမ်ရှေ့မှာအကျည်းတန်စွာစည်းချထားသေးတယ်။

Ring>>>

နှစ်ယောက်သားလူသတိမထားနိုင်သည့်ထိုနေရာကနေပဲတိတ်တဆိတ်ရပ်ကြည့်နေတုန်းတုန်ခါလာသည့်ရှောင်းကျန့်handphoneကြောင့်ကြည့်လိုက်မိတော့contant nameမှာကBabyတဲ့။ရိပေါ်ဖုန်းကိုအလောင်းနဘေးမှာတွေ့တာမို့နောက်ဆုံးခေါ်ထားသည့်ရှောင်းကျန့်စီဖုန်းလှမ်းဆက်ခြင်းပင်။

ခပ်မြန်မြန်အနီဘက်ဆွဲလိုက်ပြီးတခါတည်းpower offလိုက်တယ်။ဟိုလူကြီးကျောဘက်မှာစိုက်နေသည့်ဓားမှတဆင့်လက်ပွေ့ရာစစ်လိုက်ရင်လည်းရှောင်းကျန့်သတ်ခဲ့မှန်းသိလာမှာပဲလေ။ခုချိန်ရှောင်းကျန့်ကလူသတ်ကောင်ဝရမ်းပြေးတစ်ယောက်ပင်။

"ဒီပုံအတိုင်းဆိုကိုယ့်တိုက်ခန်းကိုလည်းပြန်လို့ရတော့မယ်မထင်ဘူးbaby!..."

ရှောင်းကျန့်စကားကြောင့်ဒဏ်ရာတချို့နဲ့မျက်နှာလုံးလုံးလေးကတောင်းပန်တိုးလျှိုးသလိုကြည့်လာတော့ရှောင်းကျန့်ရင်ထဲတကယ်မကောင်း။

"Babyကြောင့်မဟုတ်ဘူးနော်!...အဲ့လူကြီးကသေဖို့ထိုက်တန်လို့သေရတာ...ကိုယ်ကအခွင့်ကြုံလို့ဇာတ်သိမ်းပေးလိုက်ရရုန်ပဲ!..."

"ဖြစ်နိုင်ရင်အဲ့ဒီလူယုတ်မာကြီးကိုကျွန်တော့်လက်နဲ့ကိုယ်တိုုင်သစ်ပစ်ချင်တာ!..."

အံကြိတ်သံနဲ့တလုံးချင်းပြောနေရာမှရိပေါ်ပါးပြင်ထက်မျက်ရည်ဥတို့လိမ့်ခနဲ။babyခံပြင်းဒေါသတို့ကခုထက်ထိအရှိန်မသေသေးဘူးရယ်။

left In The Dark[Complete]Where stories live. Discover now