°Unicode version°
ရှောင်းကျန့်တစ်ယောက်အကုန်သိမ်းဆည်းပြီးထမင်းစားခန်းထဲကထွက်လာတော့သူ့babyကTVရှေ့ကsofaပေါ်မှာခေါင်းအုံးတလုံးပိုက်လျှက်tv remoteကိုင်ထားရင်းဟိုရွေ့ဒီရွေ့လုပ်နေတယ်။သူ့ကိုစိတ်ဆိုးနေလို့ထင်babyအမူယာတွေကစောင့်စောင့်အောင့်အောင့်။ဧည့်ခန်းထဲမီးဖွင့်ထားခြင်းမရှိတာမို့TVအနီးတဝိုက်မှာသာအလင်းသဲ့သဲ့ဖြာကျလျှက်ရှိတယ်။
"Baby!...ခဏ...ကိုယ်နဲ့စကားပြောရအောင်..."
"လွှတ်ဗျာ!..."
အနားသွားထိုင်ရုန်ရှိသေးချက်ချင်းထထွက်သွားဖို့လုပ်နေတာမို့လက်ကောက်ဝတ်တစ်ဖက်ကိုလှမ်းဆွဲထားလိုက်ရတယ်။badguyလေးbabyကသိပ်စိတ်ကြီးသည်။
"ကိုယ်ပြောတာနားထောင်မပေးတော့ဘူးလားbaby...ရှေ့လျှောက်ကိုယ်ရယ်မင်းရယ်ကြားထဲ ကိုယ့်မိဘတွေကိစ္စအတွက်နဲ့အဖုအထစ်မဖြစ်ချင်ဘူးကွာ!..."
ခပ်ဆွေးဆွေးရှောင်းကျန့်အပြောကိုတောင့်မခံနိုင်စွာသက်ပြင်းဖွဖွချရင်းsofaမှာရိပေါ်ပြန်ထိုင်လိုက်တယ်။သူ့အနားတိုးကပ်လာပြီးလက်နှစ်ဖက်လုံးကိုစုတ်ထွေးလာသည့်ရှောင်းပုံစံကစကားတခါပြောဖို့အရေးမနည်းအားယူနေရသည့်နှယ်။
"ရှောင်း!...အဆင်မပြေရင်လည်း..."
"ရတယ်...ကိုယ်အဆင်ပြေတယ်baby...baby babyသာကိုယ့်လက်ကိုဒီလိုလေးကိုင်ထားပေးနော်!..."
ခေါင်းအသာငြိမ့်ပြီးလက်တွေကိုထပ်ကိုင်စေလိုက်တော့ရှောင်းမျက်ဝန်းတွေထဲ ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့ကြောက်ရွံမှုတွေအထင်းသား။သူ့ရဲ့ သူရဲကောင်းကြီးကိုဝမ်းနည်းကြောက်ရွံစေတာဘာတွေများလဲခများရယ်။
___
၈နှစ်သားကောင်ငယ်လေးတစ်ယောက်၊အဖြူနဲ့အပြာစပ်ယှက်ထားသည့်ကျောင်းဝတ်စုံလေးဝတ်ဆင်ထားလျှက်ကျောပိုးအိပ်လေးတရမ်းရမ်းဖြင့်ကားတွေအပြင်အခြားသောယဥ်အမျိုးမျိုးဖြတ်သန်းသွားလာလျှက်အသံတွေညံစီနေသည့်လမ်းမကြီးနဘေးလူသွားပလက်ဖောင်းအတိုင်းပျော်မြူးစွာပြေးလာနေတယ်။လက်တစ်ဖက်မှာလည်းစာရွက်ဖြူဖြူလေးတစ်ရွက်စုတ်ကိုင်ထားတယ်။
YOU ARE READING
left In The Dark[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 ×WangYibo王一博 𝑰𝒏 𝒓𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 𝒘𝒊𝒕𝒉 𝐵𝑎𝑑 𝐵𝑜𝑦&𝒃𝒂𝒅 𝒈𝒖𝒚.𝑖𝑡'𝑠 𝑏𝑎𝑑 𝑑𝑎𝑦 𝑛𝑜𝑡 𝑎 𝑏𝑎𝑑 𝑙𝑖𝑓𝑒.𝐈'𝐦 𝐧𝐨𝐭 𝐭𝐢𝐫𝐞𝐝 𝐨𝐟 𝐥𝐨𝐯𝐢𝐧𝐠.𝑳𝒊𝒌𝒆 𝒕𝒉𝒊𝒔 𝒒𝒖𝒊𝒆𝒕 𝒑𝒍𝒂𝒄𝒆 𝒘𝒊𝒕𝒉 𝒚𝒐...