°Unicode version°
"ဒေးဗစ်!!!...ခများဘာလုပ်..."
"မလှုပ်နဲ့ရှောင်းကျန့်!!!..."
"အင့်!..."
မထင်မှတ်ထားသည့်အခြေနေ အံ့သြစိုးရွံ့စွာရှောင်းကျန့်ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်မိတော့ သေနတ်မောင်းတင်ကာbabyနားထင်ထက် သေနတ်ပြောင်းဝကိုပိုဖိကပ်လိုက်သည့်ဒေးဗစ်ကြောင့်သူ့ရင်ထဲဒိတ်ခနဲ။ဒေးဗစ်သေနတ်နဲ့ချိန်ထားတာရိပေါ်ကိုဖြစ်ပေမဲ့ ရှောင်းကျန့်နှလုံးသားတည့်တည့်ကိုချိန်ရွယ်ခံထားရသလိုသူ့မှာbabyအတွက်အပူလုံးကမသေး။
"ဒေး ဒေးဗစ်!...ဖြစ်ခဲ့သမျှကိစ္စတွေအားလုံးနဲ့babyဘယ်လိုမှပတ်သပ်မနေဘူးနော်..."
{"အဟား!...ဟား!...ဟား!...ဟား!..."} ²
ရှောင်းကျန့်စကားကြောင့်ရိပေါ်ကိုသေနတ်နဲ့ချိန်ထားရင်းကနေပဲခေါင်းမော့လျှက်တဟားဟားအော်ရယ်နေသည့်ဒေးဗစ်ပုံစံကအသိစိတ်လွတ်နေသလိုအရူးတစ်ယောက်နှယ်။ဒေးဗစ်ကိုဤကဲ့သို့ရူးခါသွားစေသည့်အကြောင်းရင်းမှာကတ်သေဆုံးမှုမှန်းရှောင်းကျန့်တက်အက်သိပေမဲ့သူ့မျက်နှာကိုစုတ်ပျက်သွားအောင်ထိုးကြိတ်မယ့်အစားbabyကိုဒီလိုလုပ်လိမ့်မယ်လို့မတွေးမိရိုးအမှန်။ဒေးဗစ်က ရိပေါ်ကိုမြင်သည်နှင့်ရှောင်းကျန့်ရဲ့soulmateမှန်းသိနေသည့်အလား။
"ခများပိုက်ဆံလိုချင်လား...ယူလိုက်!!!..."
ပြောရင်းလက်ထဲကပိုက်ဆံတွေအပြည့်နဲ့လည်သာအိပ်ကိုဒေးဗစ်ရှေ့ပစ်ထုတ်ပေးလိုက်သည့်ရှောင်းကျန့်။ယခုအချိန်ဦးလေးအကြွေးတွေဆပ်ရဖို့ထက်babyကိုမဆုံးရှုံးရဖို့ကပိုအရေးကြီးနေသည်မလား။
"အဟက်!...တုံးအချင်ယောင်ဆောင်မနေနဲ့ရှောင်းကျန့်!...အဲ့သောက်ပိုက်ဆံတွေက ကတ်ကိုအသက်ပြန်ရှင်လာအောင်လုပ်မပေးနိုင်ဘူးကွ!!!..."
"အာ့!..."
ဒေါသစကားတို့ပွင့်အံကျလာရင်းbabyဆံနွယ်တွေကိုဆွဲစုတ်လိုက်သည့်ဒေးဗစ်ကြောင့်ရှောင်းကျန့်လက်သီးစုတ်တွေတင်းခနဲ။ဆံနွယ်ဝါတွေအားအကြမ်းဆွဲစုတ်ခံထားရသည့်ရိပေါ်မှာတော့ကြောက်စိတ်ကြောင့်လည်တိုင်ကျော့ကျော့ထက်ချွေးပြန်နေပေမဲ့ဒေးဗစ်ကိုအငိုက်ဖမ်းဖို့အချိန်ကောင်းစောင့်နေဟန်။badguyလေးဝမ်ရိပေါ်က နူးညံ့သူလည်းအဟုတ် ကြမ်းတမ်းတာမျိုးလည်းမဟုတ်ပါပဲ လျော့တွက်လို့မရသည့်ကောင်းဆိုးလေးပင်။
YOU ARE READING
left In The Dark[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 ×WangYibo王一博 𝑰𝒏 𝒓𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 𝒘𝒊𝒕𝒉 𝐵𝑎𝑑 𝐵𝑜𝑦&𝒃𝒂𝒅 𝒈𝒖𝒚.𝑖𝑡'𝑠 𝑏𝑎𝑑 𝑑𝑎𝑦 𝑛𝑜𝑡 𝑎 𝑏𝑎𝑑 𝑙𝑖𝑓𝑒.𝐈'𝐦 𝐧𝐨𝐭 𝐭𝐢𝐫𝐞𝐝 𝐨𝐟 𝐥𝐨𝐯𝐢𝐧𝐠.𝑳𝒊𝒌𝒆 𝒕𝒉𝒊𝒔 𝒒𝒖𝒊𝒆𝒕 𝒑𝒍𝒂𝒄𝒆 𝒘𝒊𝒕𝒉 𝒚𝒐...