°Unicode version°
*ဂျိန်း!*
ဂျိန်းခနဲမြည်သံပေး၍ပိတ်ကျသွားသည့်အချုပ်ကားနောက်ခန်းတံခါးနှစ်ချပ်ဟာပိပိရိရိ။ခဏအကြာငြိမ့်ခနဲဖြစ်သွားတာမို့ကားမောင်းထွက်ပြီမှန်းသိလိုက်ရတယ်။ကားအတွင်းအလုံပိတ်ထားသလိုဖြစ်နေပေမဲ့ကွာဟနေသည့်တံခါးကြားကနေကြမ်းခင်းစီအလင်းသဲဲ့သဲ့ဖြာကျနေသည်ကကွက်တိကွက်ကြား။
မိမိဘယ်ဘက်လက်ကောက်ဝတ်နှင့်babyညာဘက်လက်ကောက်ဝတ်အားချိတ်ဆက်ထားသည့်လက်ထိပ်စီအကြည့်ပို့လိုက်ရင်းရှောင်းကျန့်မှာ နီဆွေးနေသည့်မျက်လုံးတွေနဲ့မအက်စပ်စွာနှုတ်ခမ်းပါးကပြုံးယောင်သမ်းနေခဲ့တယ်။
"ဒီလောက်!...ဒီလောက်ထိချစ်ဖို့လိုတယ်လို့ကိုယ်ပြောမိခဲ့သလားbaby!..."
အဖြတ်အတောက်မမှန်သည့်မေးခွန်းမမည်သောသူ့အမေးအားbabyကတစုံတရာမတုံ့ပြန်ပါပဲနဘေးကနေပြုံး၍သာကြည့်နေတယ်။မချစ်ပဲမနေနိုင်စွာပီတိတွေလျှံကျလာခြင်းနဲ့အတူနဘေးကbabyကိုယ်လေးကိုဆက်ခနဲဆွဲဖက်ပစ်လိုက်တယ်။အင့်ခနဲအသံပိစိနဲ့လက်ကောက်ဝတ်တွေထက်ကလက်ထိပ်သံကချွင်ခနဲ။
"ကျွန်တော့်ကိုစိတ်ဆိုးနေတာလား ရှောင်း!..."
လွတ်နေတဲ့လက်တစ်ဖက်နဲ့သူ့ကျောပြင်ကိုဖွဖွပွတ်သပ်ရင်းမေးလာသည့်babyပုံစံကနဲနဲလေးမှသိမ်ငယ်ဟန်မရှိ။သူ့ရင်ခွင်ငွေ့လှုံ့ပြီး သူပုခုံးထက်သာကမ္ဘာတည်မည်ကိုသိနေသည်မို့ စိတ်ဆိုးရမှာလည်းခက်ခက်။
"ဘာလို့ ခုလိုလုပ်ရတာလဲကွာ!..."
ဆယ်ကျော်သက်အရွယ်လွတ်လပ်ပေါ့ပါးစွာဖြတ်သန်းရမည့်အချိန်တွေအစား တံတိုင်းအကာအရံတွေကြားသူနဲ့အတူကြံ့ကြံ့ခံရန်ရွေးခဲ့သည့်babyကြောင့်သူ့မှာယူကျုံ့းမရစွာနှမြောတသသ။နစ်မြုပ်ရမည့်အဖြေကတစ်ခုတည်းရှိတာသိသိနှင့်ဘာလို့လဲဆိုတာကိုသာအကြိမ်ကြိမ်မေးနေမိတယ်။
"တကယ်ပဲမသိလို့မေးတာလား!..."
ဘောက်ဆက်ဆက်ပြန်မေးရင်းရိပေါ်ကရှောင်းကျန့်ပုခုံးကိုပစ်မှီလာတယ်။လွန်လွန်ကျူးကျူးမေးဖျားကိုပါမော့နမ်းလာသည်မို့ရိပေါ်ပါးမို့မို့ကိုသာတယုတယအုံ့ကိုင်ထားလိုက်တယ်။ဝမ်းနည်းဝမ်းသာ ဟိုရွေ့သည်ရွေ့ဖြစ်နေသည့်သူ့မျက်လုံးအိမ်တွေကိုငေးစိုက်ကြည့်ရင်း babyဖွင့်ဟလာသည်ကရယ်သွမ်းသွမ်းဖြင့်...
YOU ARE READING
left In The Dark[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 ×WangYibo王一博 𝑰𝒏 𝒓𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 𝒘𝒊𝒕𝒉 𝐵𝑎𝑑 𝐵𝑜𝑦&𝒃𝒂𝒅 𝒈𝒖𝒚.𝑖𝑡'𝑠 𝑏𝑎𝑑 𝑑𝑎𝑦 𝑛𝑜𝑡 𝑎 𝑏𝑎𝑑 𝑙𝑖𝑓𝑒.𝐈'𝐦 𝐧𝐨𝐭 𝐭𝐢𝐫𝐞𝐝 𝐨𝐟 𝐥𝐨𝐯𝐢𝐧𝐠.𝑳𝒊𝒌𝒆 𝒕𝒉𝒊𝒔 𝒒𝒖𝒊𝒆𝒕 𝒑𝒍𝒂𝒄𝒆 𝒘𝒊𝒕𝒉 𝒚𝒐...