နွေဦး

362 19 4
                                    


<Unicode >

နွေဆိုတာ ပူလောင်ပေမယ့် ကိုယ့်အတွက် "နွေ"ဟာ နွေးထွေးတဲ့ "နွေဦး"

အပူနဲ့ အအေး ဒွန်တွဲနေသလို...
မပေါ့လွန်း မငန်လွန်းတဲ့ ဟင်းတစ်ပွဲလို...
မချိုလွန်း မစိမ့်လွန်းတဲ့ လ္ဘက်ရည်တစ်ခွက်လို...
မလေးလွန်း မပေါ့လွန်းတဲ့ ကိုယ့်ရဲ့ မေတ္တာတွေလို....

ချစ်ဖို့လွယ်ပေမယ့် တန်ဖိုးထားဖို့ဆိုတာ ခက်ခဲလိမ့်မယ်။

ကိုယ်မင်းကို ချစ်တယ် မြတ်နိုးတယ် "နွေ"
မင်းဘာပဲဖြစ်နေဖြစ်နေ
မင်းဘယ်လိုဘဝပဲရောက်နေရောက်နေ
ကိုယ်မင်းကိုချစ်မယ်
တစ်လောကလုံးထဲကလူတွေထဲမှာ ထပ်ခါထပ်ခါ "နွေ"ဆိုတဲ့ လူသားတစ်ယောက်ကိုပဲ ရွေးချယ်မယ်

အထိအတွေ့မပါဘဲ မင်းကိုချစ်ခဲ့တယ်
တဏှာမပါဘဲ မင်းကိုမြတ်နိုးခဲ့တယ်

"နွေ" တန်ဖိုးထားပေးတာကို သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်

"နွေ" ကကိုယ်မြတ်နိုးရတဲ့ စာရေးသူ
"နွေ" ကကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော"နွေ"ပါပဲ

အတူတူ ဖြတ်သန်းသွားချင်တဲ့ အနာဂတ်မှာ ကိုယ့်လက်ကို တွဲထားရုံနဲ့ ပြည့်စုံပါတယ်ကွာ။ "နွေ"ကကိုယ့်အတွက် ခွန်အားတစ်ခု ဖြစ်တာကြောင့်ပါ။

<Zawgyi>
ေႏြဆိုတာ ပူေလာင္ေပမယ့္ ကိုယ့္အတြက္ "ေႏြ"ဟာ ေႏြးေထြးတဲ့ "ေႏြဦး"

အပူနဲ႔ အေအး ဒြန္တြဲေနသလို...
မေပါ့လြန္း မငန္လြန္းတဲ့ ဟင္းတစ္ပြဲလို...
မခ်ိဳလြန္း မစိမ့္လြန္းတဲ့ လၻက္ရည္တစ္ခြက္လို...
မေလးလြန္း မေပါ့လြန္းတဲ့ ကိုယ့္ရဲ႕ ေမတၱာေတြလို....

ခ်စ္ဖို႔လြယ္ေပမယ့္ တန္ဖိုးထားဖို႔ဆိုတာ ခက္ခဲလိမ့္မယ္။

ကိုယ္မင္းကို ခ်စ္တယ္ ျမတ္ႏိုးတယ္ "ေႏြ"
မင္းဘာပဲျဖစ္ေနျဖစ္ေန
မင္းဘယ္လိုဘဝပဲေရာက္ေနေရာက္ေန
ကိုယ္မင္းကိုခ်စ္မယ္
တစ္ေလာကလုံးထဲကလူေတြထဲမွာ ထပ္ခါထပ္ခါ "ေႏြ"ဆိုတဲ့ လူသားတစ္ေယာက္ကိုပဲ ေ႐ြးခ်ယ္မယ္

အထိအေတြ႕မပါဘဲ မင္းကိုခ်စ္ခဲ့တယ္
တဏွာမပါဘဲ မင္းကိုျမတ္ႏိုးခဲ့တယ္

"ေႏြ" တန္ဖိုးထားေပးတာကို သိရတဲ့အတြက္ ေက်းဇူးတင္ပါတယ္

"ေႏြ" ကကိုယ္ျမတ္ႏိုးရတဲ့ စာေရးသူ
"ေႏြ" ကကိုယ္သိပ္ခ်စ္ရတဲ့ ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ"ေႏြ"ပါပဲ

အတူတူ ျဖတ္သန္းသြားခ်င္တဲ့ အနာဂတ္မွာ ကိုယ့္လက္ကို တြဲထား႐ုံနဲ႔ ျပည့္စုံပါတယ္ကြာ။ "ေႏြ"ကကိုယ့္အတြက္ ခြန္အားတစ္ခု ျဖစ္တာေၾကာင့္ပါ။

ကိုယ့်ရဲ့ နွေ...Where stories live. Discover now