<Unicode>ကျွန်တော်နဲ့ နွေနဲ့ကြားမှာ ပြဿနာဆိုတာ သိပ်မရှိဘူး။ တစ်ခါတလေမှ ကတောက်ကဆတ်ဖြစ် တတ်တာမျိုး ရှိတယ်။ ဘယ်သူမှားမှား ဘယ်သူမှန်မှန် ကျွန်တော့်ဘက်ကပဲ စ,တောင်းပန်တယ်။ နွေ စိတ်ဆိုးမှာ ကျွန်တော် သေလောက်အောင် ကြောက်ပါတယ်။ အထူးသဖြင့် ကျွန်တော့်ကို စိတ်ပျက်သွားမှာ ပိုစိုးရိမ်တယ်။
ကျွန်တော်က အလုပ်မှာလည်း planချတတ်တဲ့ သူတစ်ယောက်မို့ နွေနဲ့ပတ်သက်လာရင် ကျွန်တော့်ရဲ့ စိတ်ကူးထားတဲ့ plan တွေဆိုတာ ရှိတယ်။ အခုလာမယ့် မွေးနေ့မှာ သူ့ကို ကျွန်တော် ဘာပေးမယ် စဉ်းစားထားတာမျိုး။ နောက် ၃နှစ်လောက်ဆိုရင် သူနဲ့ အတူတူ နေဖို့ တိုက်ခန်းဝယ်ဖို့ တွေးထားတာမျိုးပေါ့ဗျာ။
နွေနဲ့ ကျွန်တော် အကျင့် မတူပေမယ့် ကျွန်တော်ကတော့ မကြိုက်တာကို ကြိုက်အောင် လိုက်ပြီး နေတတ်တယ်။ ကျွန်တော် ငါးပိဆို လုံးဝမကြိုက်ဘူး နွေကတော့ ငါးပိစားတယ် အများကြီးတော့ မဟုတ်ဘူးပေါ့ ဒီလိုအခါမျိုးမှာ ကျွန်တော့်ကြောင့် နွေ့ဘက်က ရှောင်လိုက်ရတာမျိုး ကျွန်တော် မဖြစ်စေချင်ဘူး။ အဲ့တာကြောင့် တစ်ခုခုနဲ့ ရောချက်တာမျိုးကို ကျွန်တော် စားတတ်အောင် ကြိုးစားတယ်။
ကျွန်တော့်မှာ နောင်တရစရာ ကိစ္စရှိတယ်။ ဒါကတော့ တခြား သူစိမ်းအပေါ် နွေဂရုစိုက်နေရင် ကျွန်တော် လုံးဝ မကြိုက်ဘူး။ ဘယ်လိုကောင်ပဲ ဖြစ်နေပါစေ ကျွန်တော် လုံးဝ မကြိုက်ဘူး။ ဒါကိုလည်း တစ်ခါမှ မပြောခဲ့ဖူးဘူး အဲ့နေ့ညကတော့ ကျွန်တော်လည်း တစ်နေကုန် ပင်ပန်းထားတာနဲ့ နွေ့အပေါ် ဒေါသထွက်မိတယ်။ ဘာရယ် မဟုတ်တဲ့ ပြဿနာက နွေ့ကို ဝမ်းနည်းစေတယ် ထင်တယ်။
ကျွန်တော်လေ နွေ့ကို မျက်ရည်ကျအောင် လုပ်တဲ့ကောင်တွေဆို လုံးဝ ခွင့်မလွှတ်တဲ့ကောင်။ ကိုယ့်ကိုယ်ကိုယ်ပဲ ကျွန်တော် အပြစ်တင်တယ်။ ကျွန်တော်က ဘာဖြစ်လို့ အဲ့လောက် သဝန်တိုတတ်နေလဲ စဉ်းစားလို့ မရဘူး။
နွေ့ရဲ့ လက်နဲ့ ထိတွေ့သမျှတိုင်းကို ကျွန်တော်ကပဲ ကြုံဖူးချင်တဲ့ အတ္တ။ အဲ့ညကတော့ ကျွန်တော် တောင်းပန်ပေမယ့် စကားက ကျွံသွားပြီ။ ကျွန်တော် အပြေးသွားပြီးတောင် ဖက်ထားလိုက်ချင်တယ် နောင်တရလို့။ အဲ့ကတည်းက ကျွန်တော့်အတွေးတွေ အမြင်တွေကို ပြောင်းပစ်လိုက်တယ်။
YOU ARE READING
ကိုယ့်ရဲ့ နွေ...
Romanceဒီမှာ ကျွန်တော် ရည်ညွှန်းတဲ့ သူတစ်ယောက် အကြာင်းကို ရေးမှာ ဖြစ်ပါတယ်။ ခံစားချက်တွေကို စကားလုံးအဖြစ် ပြောင်းလဲဖန်တီး ထာတဲ့အတွက် ပျင်းစရာတော့ ကောင်းပါလိမ့်မယ်။ ဖတ်ကြည့်ပြီးရင်လည်း ကျွန်တော် ဘယ်လောက် ချစ်နေကြောင်းကို သိမယ်ဗျ ဒီလောက်ပါပဲ။ ဒါက အမှတ်တရ စာ...