<Unicode>
Relationship တစ်ခုက ထိန်းသိမ်းရတာ ခက်ခဲ နက်နဲပါတယ်။ ကျွန်တော်တို့ နှစ်ယောက် ကြားမှာဆို ပိုပြီးတော့ ခက်ခဲပါတယ်။
ကျွန်တော်က တဖွဖွ ဂရုစိုက်ရတာ ကြိုက်သလို။ အရိပ်တကြည့်ကြည့် စိုးရိမ်တတ်တဲ့ လူစားမျိုးပါ။
နွေက ချစ်တယ်ဆိုတာကို အပြုအမူတွေနဲ့ ဖော်ပြတတ်တယ်။ နွေက သိုသိပ်တဲ့ လူမျိုးပါ။ချစ်နေရင်တောင် ရင်ထဲမှာပဲ ထားတတ်ပြီး မြင်အောင် ကြည့်နိုင်ရင်တော့ သိမှာပေါ့။
ကျွန်တော်ကတော့ နွေ သနားခဲ့လို့ ဇွဲဆု ရခဲ့တယ်ပေါ့ဗျာ။
ကျွန်တော်ပြောသလိုပဲ သူနဲ့တွေ့မှ ကျွန်တော် ပြောင်းပြန် ဖြစ်သွားတယ်ဆိုတာ။ သူချေမိုးနေတာကို ကျွန်တော် မမီဘူး။ ကျွန်တော့်ကို ခင်ဗျားက နွေ့ကို သိပ်ကြောက်တာပဲလား မေးရင် ကလိကလိ ဖြစ်အောင် ဖြေစရာ တစ်ခုပဲရှိတယ် အဲ့တာက "ချစ်လို့" အလျှော့ပေးတာဗျ။
ကျွန်တော့်မှာ တစ်ခါမှ ခွန်အားချင်း၊ အသက်ချင်း၊ စီးပွားရေး လုပ်နေတာချင်း၊ ဝင်ငွေ ဘယ်လောက်ရှိတာချင်း မပြိုင်ဆိုင်ဖူးသလို။ ဘယ်အရာကိုမှ နွေ့အပေါ် အနိုင်ယူတဲ့ စကားမျိုး ပြောတာ မရှိဖူးဘူး။
ကျွန်တော့်ဘက်က ချစ်တယ်ဆိုတာ ကျွန်တော် လုပ်နေကျ ပုံစံအတိုင်း ဂရုစိုက်ပေးတာနဲ့။ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးတာ။ ကျွန်တော် ချစ်တဲ့သူကို ဘယ်သူ့ကြောင့်မှ မျက်ရည်မကျစေတာ မျိုးပါ။
နွေချစ်တဲ့ ပုံစံကတော့ ကျွန်တော့်အပေါ်မှာ ထားတဲ့ ယုံကြည်ချက်ပါ။ သူကျွန်တော့်အပေါ် ထားတဲ့ ယုံကြည်ချက်တွေက သူပေးတဲ့ အချစ်တွေပဲ။
ကျွန်တော်တို့ နှစ်ယောက်ကြားမှာ မတူတာတွေ များတယ်လို့ နွေ ခဏခဏ ပြောတယ်။ နွေက အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်းချင်တယ်။ ကျွန်တော်ကတော့ လူထဲက လူပဲမို့ အလုပ်လောဘတွေ အတောမသတ် နိုင်သေးဘူး။
ကျွန်တော် အခုဆို ပိုကြိုးစားနေရတာ နွေ့တစ်ယောက်တည်း အတွက်ပဲ။
ကျွန်တော့်ရဲ့ ခွန်အားတစ်ခုလို့ ပြောလို့ရတယ်။ ကျွန်တော်ကတော့ ချစ်နေရင် ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ လူစားမို့လို့ စ,တွေ့ကတည်းက
"ကိုယ် နွေ့ကို ချစ်တယ်"လို့ ပြောခဲ့တာပဲ။ ကျွန်တော် အဖြေပြန်ရဖို့ မလောခဲ့ပါဘူး။ ကျွန်တော် ပြောတာ သူသဘောကျတဲ့ စာရေးသူ တစ်ယောက် အဖြစ် နွေ့ဘက်က သတ်မှတ်ခံရတာကို ကျွန်တော့်မှာ ၁၀တန်းစာမေးပွဲ ပြန်ဖြေရသလို ရင်ခုန်နေရတာ။
YOU ARE READING
ကိုယ့်ရဲ့ နွေ...
Romanceဒီမှာ ကျွန်တော် ရည်ညွှန်းတဲ့ သူတစ်ယောက် အကြာင်းကို ရေးမှာ ဖြစ်ပါတယ်။ ခံစားချက်တွေကို စကားလုံးအဖြစ် ပြောင်းလဲဖန်တီး ထာတဲ့အတွက် ပျင်းစရာတော့ ကောင်းပါလိမ့်မယ်။ ဖတ်ကြည့်ပြီးရင်လည်း ကျွန်တော် ဘယ်လောက် ချစ်နေကြောင်းကို သိမယ်ဗျ ဒီလောက်ပါပဲ။ ဒါက အမှတ်တရ စာ...