ကျွန်တော့် အနာဂတ်

31 9 0
                                    

(Unicode )

ကျွန်တော်ဟာ အချစ်နဲ့ပတ်သက်ရင် စိတ္တဇ ဝေတနာရှင်လို ဖြစ်နေတယ်။ ရူးနေတာလားဆိုရင်တောင် ယဉ်ယဉ်လေးပေါ့ဗျာ သဘောက။ ကျွန်တော် ချစ်တယ်ဆိုတဲ့ နေရာမှာ အစွမ်းကုန် ချစ်ပစ်လိုက်တာပဲ။ ကျွန်တော် ချစ်မိရင် အရာရာဟာ အကောင်းပဲပေါ့ဗျာ။ အဲ့လိုပြောလို့လည်း ကျွန်တော့် အချစ်က ဆိုးနေတာမျိုး လည်း မဟုတ်ဘူး။

နွေက ကျွန်တော် သဝန်တိုစရာ မလိုတဲ့ လူမျိုးပါ။ ကျွန်တော့်ဘက်က အထင်မှားစရာ ကိစ္စဆိုတာကို လုပ်တတ်တဲ့ သူလည်း မဟုတ်ဘူး။ ပြီးရင် ပြဿနာ မရှာတတ်တဲ့ လူမျိုးပါ။ ကျွန်တော်တို့ ကြားထဲမှာ နားလည်မှုတွေနဲ့တည်ဆောက်ထားကြတာ။

တစ်ခုပဲ ပြဿနာတစ်ခု စ,ဖြစ်ရင် ကျွန်တော့်ရဲ့ လွန်နေတဲ့ အတွေးတွေကြောင့်ပဲ။ ကျွန်တော်လေ အမြဲတမ်း ထိန်းချုပ်ဖို့ ကြိုးစားတယ် ကျွန်တော် အမြဲတမ်း နားလည်ပေးတတ်တဲ့ လူပဲ နွေ့အပေါ် ဖြစ်ချင်တယ်။ ဒါပေမဲ့ လူဆိုတော့ မရဘူး တစ်ခါတလေ ကျွန်တော့်စိတ်က မကြိုက်တာတွေ များလာရင် ဖွင့်ပြောမိရင် အဆုံးသတ်က မကောင်းပါဘူး။ ကျွန်တော် မထိခိုက်စေချင်တဲ့ နွေ့ရဲ့ စိတ်တွေ ထိခိုက်သွားတယ်။ ကျွန်တော်ဟာ မပြောသင့်တဲ့ စကားကို ပြောလိုက်မိတဲ့အတွက် စိတ်မကောင်းဖြစ်တယ်။

ကျွန်တော်နဲ့ နွေက တစ်ယောက်ကို တစ်ယောက် ချစ်ကြပေမယ့် ချစ်ပုံချင်း မတူကြဘူး။ ကျွန်တော်က အပိုတွေ လုပ်တာမဟုတ်ပေမယ့် ချစ်တဲ့သူကို လက်တွဲပြီး လူအများကြားမှာ ချပြရတာ ကြိုက်တယ်။ နွေက အဲ့လိုမဟုတ်ဘူး နှစ်ဦးသဘောတူ နှစ်ယောက်တည်း သိတဲ့ Relationship ကိုပဲ သဘောကျတယ်။

အဲ့လို မတူတဲ့ အချက်က ကျွန်တော့်ကို စိတ်ရူးပေါက်စေတယ် တစ်ခါတလေမှပါ။ ကျွန်တော်က စ,ပြီး ဖွင့်ပြောကတည်းက ပြန်ချစ်ဖို့ကို မမျှော်လင့်ခဲ့တာ အမှန်ပဲ။ ကျွန်တော်က ဘယ်လိုလူလဲ ဆိုရင် ကိုယ်ချစ်ရင် အစွမ်းကုန်ပဲ ချစ်ပစ်လိုက်မှာ သူ့ဘက်က ကျွန်တော်နဲ့ ဆတူ ချစ်ဖို့ မမျှော်လင့်ဘူး။

ကျွန်တော် ချစ်တယ်ပြောတဲ့ နေ့ကတည်းက နွေနဲ့ ဖြတ်သန်းသွားချင်တဲ့ စိတ်ကူးယဉ်မှုတွေ ရှိတာပေါ့ဗျာ။ လက်တွေ့မှာတော့ ကျွန်တော်တို့က ဝေးနေသေးတဲ့အတွက် ခက်ခဲတယ်။

ကိုယ့်ရဲ့ နွေ...Where stories live. Discover now