ကျွန်တော် ချစ်မိတဲ့ အကြောင်း

54 11 21
                                    

<Unicode>

အချစ်ဆိုတာ အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ကြပေမယ့် ကျွန်တော့်အတွက်တော့ ပြုံးစစ ပါးဖောင်းလေးက စတယ် ပြောရမှာပဲ။ လူဆိုတာကလည်း ခက်တယ်ဗျ ကိုယ့်ကို အဖက်လုပ်၊ အရေးတယူ လုပ်ပေးတဲ့ သူမျိုးဆိုရင် သိပ်ပြီး စိတ်မဝင်စားကြဘူး။

ကျွန်တော်က နွေနဲ့ တွေ့မှ ပြောင်းပြန်ဖြစ်ကုန်တာပဲ။ ပုံမှန်အားဖြင့် ကျွန်တော်က ချေတာမျိုး မဟုတ်တောင် တစ်ယောက်တည်း သီးသန့်နေတဲ့ typeမျိုးဗျာ။ သင်တန်း တစ်ခုကို စတက်တဲ့အချိန် စကားများပြီး မိတ်ဆွေဖွဲ့တာ ကျွန်တော် မဟုတ်ဘူး။

ကျွန်တော့် အလုပ်မှာလဲ ဆွေးနွေးစရာ အလုပ်အကြောင်းကလွဲရင် စကားကို ပိုမပြောတတ်တဲ့ လူစားပါ။ ခွကျတယ်ပဲ ပြောရမှာ ကျွန်တော်နဲ့ ပေါင်းတဲ့ ဘော်ဒါတွေဆို ကျွန်တော့် အကြောင်း သိပါတယ်။ ခင်ပြီဆိုရင်တော့ ဘယ်တော့မှ စိတ်ပျက်သွားတတ်တာ မဟုတ်ဘူး ယုံကြည်လွယ်တဲ့ လူစားမျိုးပဲ ကျွန်တော်က။

နွေကတော့ ပထမ စ,စတွေ့ချင်းကို ကျွန်တော်က အချေခံလိုက်ရတာ။ သူက စာတစ်ကြောင်းကို ပြန်ရင် အရမ်းကြာတယ်။ ကျွန်တော် သူစာပြန်တာ စောင့်ရတာ အရမ်းကို စိတ်ရှည်ခဲ့ရတယ်။ တစ်ခါတလေ အလုပ်မှာ မအားလည်း လိုင်းဖွင့်ထားပြီး စောင့်နေရတဲ့အထိပဲ။

ကျွန်တော် တစ်ခါတလေ လွမ်းလို့ စာပို့ရင် ၄နာရီနေလောက်မှ စာပြန်တဲ့သူဗျ။ တော်ရုံကောင်ဆို ကျွန်တော် သည်းခံမှာ မဟုတ်ဘူး သူက ဘာကောင်မို့လို့လဲ ဒီလိုမျိုးနဲ့ ပြဿနာ ဖြစ်မှာ။ ထူးထူးခြားခြား ဒီဝက်ပေါက်နဲ့မှ ကျွန်တော့်မှာ ဒေါသဆိုတာ မရှိတော့ဘူး။

တစ်ခါက ကျွန်တော် အလုပ်မှာ ပြဿနာတက်တယ် စိတ်တွေရှုပ်နေတာ။ သူ့ရဲ့ အသံဖိုင် ပို့လိုက်လို့ စိတ်လိုလက်ရ ရယ်လိုက်မိတယ်။ အမေကတော့ ပြောတယ် ဖုန်းကြီးကြည့်ပြီး ထ,ထရယ်နေတာ ငါ့သား ရူးနေလား ဆိုပြီးတော့ဗျာ။

အစကတော့ ဒါတွေက ပြဿနာ တစ်ခုပေါ့ ကျွန်တော်က ဘယ်သူ့ကိုမဆို missed callတွေ့ရင် စာပို့ရင် ပြန်ခေါ် ပြန်ပို့တဲ့သူမျိုး။ သူကတော့ သူ့အလုပ်နဲ့သူ ရှုပ်နေသလို စာပြန်ဖို့ ဖုန်းပြန်ဆက်ဖို့ဆိုတာ သူ့ခေါင်းထဲ မရှိဘူး။

ကိုယ့်ရဲ့ နွေ...Where stories live. Discover now