၁၉၇၀ ခုနှစ် ဂျူလိုင်လ။
သူရိန်နေမင်းသည် ကောင်းကင်ယံတွင် အရှိန်အဝါနှင့် တောက်ပလျက်ရှိ၏။ သွားလာလှုပ်ရှားနေသော ပတ်ဝန်းကျင်၌ ပုံမှန်နှင့်မတူသည်က DM ကုမ္ပဏီရှေ့မှ ရာနှင့်ချီသော လူအုပ်ကြီး။
လွန်ခဲ့သော တစ်ပတ်ခန့်က DM ကုမ္ပဏီပိုင် စက်ရုံတစ်ခုကို ရုတ်တရက် ပိတ်သိမ်းလိုက်သည်။ သို့ရာ လစာပင်ပုံမှန်မရသော စက်ရုံလုပ်သားများက ကုမ္ပဏီကို နစ်နာကြေးပေးရန် တောင်းဆိုကြ၏။ သို့ငြား ကုမ္ပဏီက နစ်နာကြေးမပေးသည့်အပြင် စက်ရုံမှူးနှစ်ယောက်ကို တရားစွဲဆိုခဲ့ပြန်၏။
အကြောင်းပြချက်က ကုမ္ပဏီမှပေးသော ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း။
အကယ်၍ အမှုတွင်ရှုံးခဲ့ပါက စက်ရုံမှုးတို့ဘဝသည် တစ်သက်တစ်ကျွန်းထောင်ဒဏ်ပင်။ သေးငယ်သော ပြစ်မှုလေးပင်ဆိုသော်ငြား DM မှတရားစွဲဆိုမှုဖြစ်သွားသော အခါ မသေးငယ်တော့။
လုပ်ကြံဇာတ်လမ်းမှန်းသိကြသည့်တိုင် DM ၏ နောက်ခံအင်အားကြောင့် တရားရေးဌာနမှ တစ်စုံတစ်ယောက်က စက်ရုံမှူးတို့ဘက်မှ ရပ်တည်ပေးရန် မဆိုထားဘိ။ သာမန်ပြည်သူတို့သည်ပင် အလုပ်မဲ့ စက်ရုံလုပ်သားတို့ကို အလုပ်မခန့်ရဲကြ။
လမ်းဆုံးသို့ရောက်နေသော စက်ရုံလုပ်သားများအတွက် မျှော်လင့်ချက်ကြိုးမျှင်ခပ်မှိန်မှိန်တစ်ခုကိုသာ ကြိုးစားဆုပ်ကိုင်လိုက်ရ၏။ ထိုသည်က ကုမ္ပဏီရှေ့တွင် ဆန္ဒပြခြင်း။ ဆူပူမှုများဖြစ်လာလျှင် ကုမ္ပဏီဘက်မှ စက်ရုံမှုးတို့ကို လွှတ်ပေးလျှင် လွှတ်ပေးလိုငြား…
ဖြစ်နိုင်ချေက နည်းပါးလှပါ၏။ သို့ငြား ထပ်၍ဆုံးရှုံးစရာပင်မရှိတော့သော သူတို့…
မကြိုးစားဘဲ အဆုံးသတ်သွားမည်ထက်စာလျှင်တော့…ပထမအစတွင်၌ကား ဆန္ဒပြခြင်းကို ဂရုပြုသူမရှိသလို နှောက်ယှက်သူလဲမရှိ…။ သွားလာနေကြသူများကလည်း သူ့ဟာနှင့်သူ သွားလာနေကြသလို ဆန္ဒပြသူများကလည်း သူ့ဟာနှင့်သူ။ သို့ငြား ဆန္ဒပြသည့်လူအုပ်ကြီး ကြီးထွားလာသည်နှင့်အမျှ လူထုစိတ်ဝင်စားမှုက ဒီရေအလား မြင့်တက်လာ၏။ အရင်းရှင်ဆန်လွန်းသော ကုမ္ပဏီသည်လည်း ရွေးချယ်စရာများစွာထဲမှပင် အကြမ်းဖက်နှိမ်နှင်းရန်ကိုသာ စီစဉ်၏။
YOU ARE READING
PLUVIOPHILE [MinWon] {Eden Contest}
FanfictionPLUVIOPHILE : Someone who finds joy and peace of mind during rainy day~~~ မိုးရေထဲတွင် အတူရပ်နေမိသော တစ်ခဏ၌ Wonwoo သည် လွတ်လပ်ခြင်းကို ရှာတွေ့ခဲ့သလို အချစ်ကိုလည်း ရှာတွေ့ခဲ့သည်။ မိုးရေထဲ၌ Wonwoo သည်ချစ်မိသွားခဲ့ပါပြီ။ အထူးပြုပြီးပြောရလျှင် လိင်တူတစ်...