Episode 4 [Unicode]

930 93 23
                                    

တရားရုံးက နောက်နှစ်ရက်နေလျှင် စီရင်ချက်ချမည်ဟုဆိုကာ အဆုံးသတ်လိုက်သည်။ Mingyu တရားရုံးက ထွက်လာပြီး ခြေဦးတည့်ရာ လျှောက်နေမိသည်။ သို့ပေမဲ့လည်း ခြေလှမ်းတွေရဲ့ ဦးတည်ရာကတော့ Wonwoo နှင့်တွေ့နေကြ စာအုပ်ဆိုင်ဆီသို့သာ။

စာအုပ်ဆိုင်ထဲ ဝင်ဝင်ခြင်းစောင့်ကြိုနေသည်က Mingyu၏ ကိုကြီး...။ Mingyu ချက်ချင်းလှည့်ထွက်လာခဲ့သလို Wonwoo သည်လည်း နောက်မှပြေးလိုက်လာခဲ့သည်။
ကောင်းကင်ယံသည် မည်းမှောင်လျက်ရှိသည်။ လေတစ်ချက်အဝေ့တွင် ကြွေကျနေသော သစ်ရွက်များက လွင့်ပျံသွားကြသည်။ မိုးနတ်မင်းက သူ၏အေးစက်သော မိုးရေစက်များသည် ပြေးလွှားနေကြသော ကောင်လေးနှစ်ယောက်၏ ရင်တွင်းအပူကို လျော့နည်းနိုင်စေမည်ဟု တွေးမိသည်ထင်ပါရဲ့။ ပတ်ဝန်းကျင်တစ်ခုလုံးကို မိုးရေစက်တွေ သွန်းဖြိုးလိုက်သည်။

"ကောင်ငယ် ကိုယ်ရှင်းပြပါရစေ"

Wonwoo လှမ်းအော်လိုက်တော့ Mingyu ၏ခြေလှမ်းများ ရပ်တန့်သွားသည်။ Mingyu၏ မသိစိတ်သည် ကိုကြီးဆီမှ ဖြေရှင်းချက်ကို တောင့်တနေမိပါလား။ ဒါပေမဲ့ မျက်မြင်တွေ့ခဲ့ပြီးသော ကိစ္စမှာ ဘယ်လိုဖြေရှင်းချက်မျိုးကို မျှော်လင့်နေမိပါလိမ့်။ Mingyu ဆက်ပြေးဖို့ လက်ကိုအဆွဲခံလိုက်ရတာကြောင့် ပြေးမလွတ်တော့မှန်း သိလိုက်သည်။

"လွှတ်ပါ ကျွန်တော် ကိုကြီးနဲ့ စကားမပြောချင်ဘူး"

Wonwoo ကိုကျောခိုင်းထားရက်နှင့် Mingyu ပြောလိုက်သည်။

"ယုံတယ်ဆို"

"ယုံတယ် ယုံခဲ့တယ် အဲ့အချိန်မရောက်ခင်အထိပေါ့"

"အဆုံးအထိ ယုံကြည်နေပေးမှာဆို"

"အဆုံး ကိုကြီးပြောတဲ့ အဆုံးဆိုတာ ဘယ်အချိန်ထိလဲ စက်ရုံမှုးထောင်ကျသွားတဲ့အထိလား"

"ကိုယ့်ကို မကြည့်တော့ဘူးလား"

Mingyu ဘက်က ဘာမျှ မတုံ့ပြန်လာ။

"ကောင်ငယ်"

"မုန်းတယ် ကိုကြီးကို မုန်းတယ် မဖြစ်နိုင်မှန်းသိရဲ့သားနဲ့ မျှော်လင့်ခဲ့မိတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လဲမုန်းတယ် အရာအားလုံးကိုမုန်းတယ် ကိုကြီးသိလား စက်ရုံမှုးဆိုတာလေ ကျွန်တော့်အတွက် အဖေလိုလူတစ်ယောက် သူသာမရှိရင် အခုချိန် ကျွန်တော်ဆိုတာ ရှိနေမှာတောင်မဟုတ်ဘူး ကိုကြီး လွန်လွန်းတယ်"

PLUVIOPHILE  [MinWon] {Eden Contest}Where stories live. Discover now