အိမ်ကို ပြန်ရောက်တော့ ညနေ ၄ နာရီခန့် ။ Wonwoo တကယ်ပင်ပန်းနေလေပြီ။ နဂိုတည်းက အအေးမခံနိုင်သည်ကို မိုးရွာထဲ ထီးမဆောင်းဘဲ လျှောက်လာမိခြင်းက ဖျားဖို့ရန်သာရှိ၏။ DM သူဌေး နှင့် စကားဝိုင်းကလည်း စိတ်ကိုပိုပင်ပန်းစေပြန်သည်။ တစ်ကိုယ်လုံး ကိုက်ခဲကာ နည်းနည်းလေးမျှပင် မလှုပ်ချင်တော့...။
အမှုကို အခြား ရှေ့နေ့ဆီလွှဲပေးရန် ပြောသော်ငြား ကျရှုံးခဲ့သည်။ ဤအမှုမျိုးကို အကောင်းဆုံးဖြေရှင်းနိုင်သူက Wonwoo သာရှိသည်ဆိုတာကို သိနေသော သူဌေးက သူ၏တစ်ခုတည်းသော အားနည်းချက်ကို ဆုပ်ကိုင်ထား၏။ အားနည်းချက်ဆိုသည်ထက် အကြောက်တရားဆိုလျှင် ပို၍မှန်လေမလား။ သိတတ်စအရွယ်တည်းမှ စည်းမျဉ်းတို့နှင့်ရှင်သန်စေကာ တစ်သွေးတစ်သံတစ်မိန့်ဖြင့် တင်းကျပ်လွန်းသော ဖခင်သည် Wonwoo ဘဝတွင် အမုန်းဆုံးလူသားတစ်ဦးသာသာ။
“အကိုလေး လူကြီးမင်းက အခန်းထဲလာခဲ့ပါတဲ့”
ဒီလိုဆိုမှတော့ အဖေသိသွားပြီပင်ဖြစ်မည်။
ခဏနေလျှင် ကြုံတွေ့ရမည့်အရာတွေကို တွေးမိတော့ နှုတ်ခမ်းဖျားကနေ အလိုလိုထွက်လာသော လေပူတစ်ချက်။Wonwoo ၏အချစ်လမ်းကြောင်းသည် ခက်ခဲလွန်း၏။ အထူးသဖြင့် မပေါင်းဖက်နိုင်သော လူကိုချစ်နေမိခြင်းသည် ဝဋ်ကြွေးနှင့်တူလွန်းသည်။ သို့ငြား Mingyu ကသာ သူ့ရဲ့ဝဋ်ကြွေးဆို သူပျော်ပျော်ကြီး ခံယူလိုက်ပါမည်။ Mingyu ၏ အပြုံးများသည် Wonwoo အတွက် ရုန်းထွက်မရနိုင်သော စက်ကွင်းတစ်ခုထက်ပင်ပို၏။
ပင်ပန်းမည်ဆိုတာ သိရက်နှင့် Wonwoo ဒီလမ်းကို ရွေးခဲ့သည်။ Mingyu ၏အပြုံးလေး ထာဝရတောက်ပနေဖို့ဆို သူအသက်ပေးလိုက်ရလဲ မမှုပါ။ Mingyu ဆိုတဲ့ ဝဋ်ကြွေးက ကဘဝဆက်တိုင်း ကြုံချင်စရာကောင်းလွန်းတဲ့ ဝဋ်ကြွေးလှလှလေး။‘ဒေါက် ဒေါက်’
“ကျွန်တော် ဝင်လာမယ်နော် အဖေ”
တစ်ဖက်မှ ဘာမျှမတုံပြန်လာသည်ကြောင့် အခန်းတံခါးကိုဖွင့်ကာ ဝင်လာလိုက်သည်။
‘ဒုတ်’
“အာ့”
အခန်းတံခါးကိုအဖွင့် နဖူးဆီသို့ လာထိမှန်သော အရာကြောင့် Wonwoo ရုတ်တရက် ယိုင်ကျသွားသလို နဖူးမှလည်း သွေးတို့စီးကျလျက်။ ဘေးနားက နံရံကို အချိန်မှီလှမ်းထောက်နိုင်လိုက်၍သာ အရှိန်ပျက်မသွားခြင်းပင်။ မူးနောက်နေသောခေါင်းကို အာရုံစုစည်းနိုင်ရန် ကြိုးစားနေစဉ် Wonwoo ဆီသို့ ဦးတည်ကာ လျှောက်လာသော အဖေ။
YOU ARE READING
PLUVIOPHILE [MinWon] {Eden Contest}
FanfictionPLUVIOPHILE : Someone who finds joy and peace of mind during rainy day~~~ မိုးရေထဲတွင် အတူရပ်နေမိသော တစ်ခဏ၌ Wonwoo သည် လွတ်လပ်ခြင်းကို ရှာတွေ့ခဲ့သလို အချစ်ကိုလည်း ရှာတွေ့ခဲ့သည်။ မိုးရေထဲ၌ Wonwoo သည်ချစ်မိသွားခဲ့ပါပြီ။ အထူးပြုပြီးပြောရလျှင် လိင်တူတစ်...