စာအုပ်ဆိုင်မှာ ပြန်တွေ့ခဲ့တာ ဒီနေ့နဲ့ဆို တစ်ပတ်တောင် ပြည့်တော့မည်။ DM မှသူဌေးနှင့် သဘောတူညီမှုတစ်ခုလုပ်လိုက်သောကြောင့် အမှုကိုလည်း တစ်လနောက်ဆုတ်ထားနိုင်ခဲ့သည်။ နေ့တိုင်း ညနေဘက်ဆိုလျှင် စာအုပ်ဆိုင်တွင် Wonwoo နှင့် Mingyu ဆုံလေ့ရှိသည်။ ထိုအချိန်သည် Mingyu အတွက်တော့ ဘယ်လိုနေမလဲမသိပေမဲ့ Wonwoo အတွက်တော့ အပျော်ရွှင်ရဆုံးအချိန်များပင်ဖြစ်သည်။ ချစ်ရသူနှင့် အတူရှိနေရသည်ဟူသော ခံစားချက်သည် တစ်နေ့တာ ပင်ပန်းခဲ့သမျှကို မေ့ပျောက်သွားစေသည်။
နှစ်ယောက်တူတူ အပြင်ထွက်လည်ဖို့ အမြဲလိုလိုစီစဉ်ဖြစ်ကြပေမဲ့လည်း မိုးသည် သူတို့ကို အပြင်ထွက်မလည်စေချင်ဘူးထင်သည်။ တစ်ချိန်လုံး သာယာနေသော ရာသီဥတုသည် သူတို့နှစ်ယောက်ဆုံခါနီး အချိန်ရောက်သည်နှင့် မိုးတဖြိုင်ဖြိုင်ရွာလာတော့သည်။ ထိုပဟေဠိကို သူတို့ကိုယ်တိုင်လဲ အဖြေမဖော်တတ်။ နှစ်ယောက်စလုံးက မိုးရွာထဲ လမ်းလျှောက်ရသည်ကို သဘောကျသူတွေချည်းဖြစ်လို့သာ စိတ်အနှောင့်အယှက်အများကြီး မဖြစ်ရချင်းပင်။
ဒီနေ့တော့ ပုံမှန်ဆိုလျှင် အရင်ရောက်နေတတ်သော Mingyu က ထူးထူးဆန်းဆန်း နောက်ကျနေသည်။ စောင့်ရသည်ကို သဘောမကျသော်လည်း Mingyu သာဆိုလျှင် အဆင်ပြေသည်။ ဘယ်လောက်ပင်ကြာကြာ စောင့်နေနိုင်သည်။ ဒါပေမဲ့ အချိန်ကြာလာတာနှင့်အမျှ စိုးရိမ်စိတ်က တစ်စ တစ်စ ကြီးထွားလာသည်။ ကောင်ငယ် တစ်ခုခုများ ဖြစ်နေလေရော့မလား။
နှစ်နာရီခန့်ကြာပြီးမှ Mingyu တစ်ယောက်ရောက်လာသည်။ ဝင်လာလာချင်း တွေ့လိုက်ရသည့်မျက်နှာက Wonwoo ၏အသည်းနှလုံးကို ကြေမွသွားစေသည်။ သူ၏ကောင်ငယ်သည် ဒဏ်ရာတွေနှင့်ပါလား။ ခုံမှချက်ချင်းထကာ Mingyu ဆီလျှောက်သွားလိုက်သည်။
"ဘာဖြစ်လာတာလဲ"
Mingyu က ဘာမှမတုံ့ပြန်။ နှုတ်ခမ်းထောင့်စွန်းပေါက်ပြီး သွေးစို့နေသလို ပါးတွင်လည်း ပွန်းနေသေးသော Mingyu ကိုကြည့်ကာ Wonwoo မျက်ရည်ဝဲချင်လာသည်။ မျက်တောင်ကို မြန်မြန်ခတ်ကာ အင်္ကျီအိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းမှသွေးများအား ဖွဖွလေး သုတ်ပေးလိုက်သည်။
YOU ARE READING
PLUVIOPHILE [MinWon] {Eden Contest}
FanfictionPLUVIOPHILE : Someone who finds joy and peace of mind during rainy day~~~ မိုးရေထဲတွင် အတူရပ်နေမိသော တစ်ခဏ၌ Wonwoo သည် လွတ်လပ်ခြင်းကို ရှာတွေ့ခဲ့သလို အချစ်ကိုလည်း ရှာတွေ့ခဲ့သည်။ မိုးရေထဲ၌ Wonwoo သည်ချစ်မိသွားခဲ့ပါပြီ။ အထူးပြုပြီးပြောရလျှင် လိင်တူတစ်...