episode - 3

1.2K 301 45
                                    

UNICODE

" ဟင်း..ရှေ့နေကြီးက ကျွန်မတို့ပြောတာကို
နားမပေါက်တာလား "

ဧည့်ခန်းထဲမှာသိသိသာသာ
ထွက်ပေါ်လာသည့် ဂျွန်ဆယ်လင်း( ဂျွန်ဂျောင်ကု ရဲ့မိခင်)  ၏သက်ပြင်းမောချသံက ရှေ့နေကြီးကို မျက်နှာပျက်ဖွယ်
သေဆုံးသွားပြီဖြစ်တဲ့ ပတ်မင်ယောင်းအတွက် မိဘတွေ
ထားခဲ့တဲ့ အမွေတစ်ချို့ကို ရဖို့ ရှေ့နေကို အမျိုးမျိုး
မက်လုံးပေးကာ ဆွဲဆောင်ကြည့်ပါသော်လည်း
လုံးဝငြင်းဆန်နေတာကြောင့် ဂျွန်ဆယ်လင်း
ရဲ့သည်းခံန်ိုင်စွမ်းက ဘောင်ကျော်လာလေပြီ။

" မစ္စဂျွန်တောင်းဆိုနေတာက ဥပဒေနဲ့လုံးဝ
မညီမျှလို့ပါ "

" ဘယ်နားကမညီမျှနေတာလဲ
ပတ်မင်ယောင်းကို ကျွန်မက သားအရင်းတစ်ယောက်လို
ခေါ်မွေးစားခဲ့တာလေ အိမ်ထောင်စုဇယားအရကြည့််မယ်ဆို
ကျွန်မကသူ့ရဲ့အုပ်ထိန်းသူပဲ အဲ့ဒီတော့ သူ့အမွေတွေကို
ကျွန်မတို့ရသင့်တာ ဘယ်နားမညီမျှနေလို့တုန်း
အဟင်း...ရှေ့နေကြီးသာ လက်မှတ်ထိုးပေးလိုက်ရင်ပြီးသွားမယ့်ကိစ္စပါရှင် "

" ပတ်မင်ယောင်းက တစ်ဦးတည်းသောသား
ဆိုရင်တော့ ဒီကိစ္စက အဲ့လောက်မခက်ခဲပါဘူး
ဒါပေမယ့်ပတ်မင်ယောင်းမှာ ကအကိုရှိနေသေးတယ်
မဟုတ်လား  "

" အဲ့ဒီ့အကိုဆိုတာ ၃နှစ်သားလောက်ကတည်းက
ပျောက်သွားတာပါရှင် အခုထိသေလားရှင်လားတောင်
မသိသေးတာကို "

" ဘာပဲဖြစ်ဖြစ်ပါ အမွေတွေက ပတ်မိသားစုနဲ့ဆိုင်တော့
အကိုဖြစ်သူ ရှိနေသေးသရွေ့ထိန်းသိမ်း
ထားရအုန်းမှာပါပဲ "

ပြတ်ပြတ်သားသားပဲရှေ့နေကြီးက
စကားကုန်ပြောပစ်လိုက်တယ် တကယ်ပါ
ဂျွန်ဆယ်လင်း ရဲ့ လောဘကတော့
သြချလောက်စရာ။ အပြတ်သတ်ငြင်းတော့
ဟန်ဆောင်ပြုံးနေတဲ့မျက်နှာဖုံးဟာကွာကျပြီး
ချက်ခြင်းမာန်တင်းသွားပါတော့တယ်။

" ရှင်က အဲ့လိုလား ရှေ့နေဟွန်း အဟင်း
ရပါတယ် ကိုရီယားမှာ ရှေ့နေဆိုလို့ရှင်ပဲရှိတာမဟုတ်ဘူးနော်"

ချိန်းခြောက်သံလေးကခပ်စွက်စွက်ကလေး
နှောလာသည်။ အော်လောဘ လောဘ
ဆင်ခြင်တုံးတရားမဲ့ပြီး အသိစိတ်ပါပျောက်စေတဲ့
ထိုလောဘ ခင်များအတွက်တော့ရင်လေးမိသား။

လှပစွာရေးသီသော အမုန်းWhere stories live. Discover now