" နည်းနည်းလောက်ဖြစ်ဖြစ်စားပါအုန်း hyung
ရယ် "အေးစက်ခါနီးနေပြီဖြစ်တဲ့ စွပ်ပြုတ်ဟာအခုထိ
လုံလုံလောက်လောက် အရာမယွင်းသေး ။ အိပ်ရာပေါ်မှာ
ငုတ်တုတ်ထိုင်ကာ မျက်နှာကိုတစ်ဖက်လွှဲထားတဲ့
Hyung ကလည်း အကြောတင်းလိုက်လေခြင်း ။" ဟင်း "
သက်ပြင်းကိုချပြီး စွတ်ပြုတ်ပန်းကန်ကို
ဘေးကစားပွဲပေါ် လှမ်းတင် လိုက်ရတော့သည် ။ ဒီလောက်အေးနေမှတော့ ဘာစားကောင်းတော့မလဲ Hyung ခံတွင်းတွေ့တာလေးတစ်ခုခုလုပ်ပေးဖို့ အဒေါ်ကြီးကို ခိုင်းမှပဲ ။" hyung စားချင်တာတစ်ခုခုရှိလား ကျွန်တော်
လုပ်ပေးမယ့်လေ "" .......... "
နှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားတဲ့ Hyung ။
မဖြေချင်ဘူးဆိုတာကို သိသိသာသာ လုပ်နေပြနေတဲ့ပုံမျိုး
မို့ ဟိုဆော့ နှုတ်ခမ်းတွေကို မဲ့ပစ်လိုက်မိသည် ။ဘယ်အချိန်မှလူကိုအရေးလုပ်မှာလဲ ။" မစားချင်လည်းစားလိုက်ပါ Hyung ခံတွင်း
တွေ့တာလေးတစ်ခုခုကို ကျွန်တော်စီစဥ်ခိုင်းလိုက်မယ် "ကုတင်ပေါ်က ဆင်းလိုက်တာကြောင့် မွေ့ရာကြီးက
အိခနဲလှုပ်သွားသည် ။ အခန်းအပြင်သို့မရောက်သေးသော
ခြေလှမ်းတွေကိုနားစွင့်လိုက်ရင်း ဆော့ဂျင်က လှမ်း
ပြောလိုက်မိသည် ။" ထယ်ယောင်း သူအဆင်ပြေပြေရှိနေတယ်မလား "
တိခနဲရပ်သွားသောဟိုဆော့ခြေလှမ်းတွေက အခန်းဝနားမှာပင် ငူငူကြီးဖြစ်သွားသည် ။ တင်းမာသွားတဲ့ ကြောက်ဖွယ်မျက်နှာပေးပေါ်မှာ ကင်ထယ်ယောင်း ဆိုတဲ့အမည်နာမကို
မုန်းတီးခြင်းတွေကအပြည့်ပင် ။ ကုတင်ပေါ်ကလူသားလေးထံဖြတ်ခနဲလှမ်းကြည့်တော့ မျက်ဝန်းတွေက သူနှင့်ဆန့်ကျင်ဘက်လားရာမှာ စိုက်တည်နေခဲ့၏ ။အဲ့ဒီ့မျက်လုံးတွေ ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို
အမြဲကြည့်တဲ့ အဲ့မျက်လုံးတွေကို မနာလိုလွန်းလို့ ကန်းသွားအောင် လုပ်ထားတာလေ ။ ဒါတောင်အမှတ်မရှ်ိဘဲ ကင်ထယ်ယောင်းဆိုတဲ့နာမည်ကို တသသလုပ်လို့ကောင်းနေတော့
သတ်ပစ်လိုက်မှ ရတော့မှာလား ။
YOU ARE READING
လှပစွာရေးသီသော အမုန်း
Fanfiction~~~ သံသရာအဆက်ဆက် မင်းမျက်ရည်တွေကို ငါခြေဆေးပစ်မယ် ဂျွန် ~~~