UNICODE
" ဒီ Project နဲ့ပတ်သတ်ပြီး CEO,Park
ကရောဘယ်လိုသဘောရလဲဗျ "ဥက္ကဋ္ဌဂျောင် ရဲ့မေးခွန်းကို ကျွန်တော်ပြုံးတုံ့တုံ့လုပ်ရင်းသာ
ပရိုဂျက်တာကို တစ်ချက်လှမ်းကြည့်လိုက်သည် ။
ပြီးမှ သူ့အား အားကိုးတကြီးကြည့်နေတဲ့ စားပွဲထိပ်က
ဥက္ကဋ္ဌဂျောင်က်ို ပြန်ကြည့်ကာ ။"Yeosu က ပင်လယ်နဲ့နီးတဲ့ဒေသမို့ ရာသီဥတုက
သေချာမှုမရှိနိုင်ပေမယ့် Hotel ဆောက်ဖို့အတွက်ဆိုရင်
ရှုခင်းကောင်းကောင်းတွေနဲ့ ဆွဲဆောင်မှုရှိနိုင်မယ့်နေရာမျိုးမို့
ကျွန်တော့်အနေနဲ့ သဘောမကျစရာအကြောင်းတော့မရှိပါဘူး "" အာ....CEO,park နဲ့ကျုပ်နဲ့ကအတွေးတူနေတာပဲ
အဟွန်း..Aguest - D က ကျုပ်တို့ အန်ဆန်းဘက်မှာ
လာရင်းနှီးမြုပ်နှံပေးတာဟာ မိုးနတ်မင်းကပေးတဲ့ ကြီးမားတဲ့
ဆုလာဘ်တစ်ခုပဲဖြစ်ရမယ် "ရယ်ကျဲကျဲနဲ့ မျက်နှာလိုမျက်နှာရလုပ်နေတဲ့ ဥက္ကဋ္ဌဂျောင်ရဲ့
အပေါ်ယံမျက်နှာကို ရွံလွန်းလို့အော့အန်ပစ်လိုက်ချင်ပေမယ့်
လက်တွေ့မှာကျ သဘောကျစွာပဲ ဟန်ဆောင်ပြန်ပြုံးပြနေရတယ် ။ ကျန်တဲ့ရှယ်ယာရှင်တွေပါ ရောပြီးလိုက်ပြုံးရယ်နေကြပေမယ့် ဥက္ကဋ္ဌဂျောင်ရဲ့ ညာဘက် စားပွဲထိပ်မှာထိုင်နေတဲ့
ဂျောင်ဟိုဆော့ကတော့ မျက်ခုံးတွေကိုတွန့်ချိုးထားရင်း
သူ့အား စေ့စေ့ကြည့်နေသည် ။" CEO,Jung ကရော အခုလုပ်မယ့် Project ကို
ဘယ်လ်ိုသဘောရလဲ "တမင်မေးခွန်းထုတ်လိုက်သော သူ့စကားကြောင့်
ဥက္ကဋ္ဌဂျောင် အပါအဝင် ရှယ်ယာရှင်တွေအားလုံးရဲ့အကြည့်တွေက ဂျောင်ဟိုဆော့ထံဦးတည်ကုန်သည် ။ ဂျောင်ဟိုဆော့သည် သူ့အား မျက်လုံးတွေကိုမှေးကျဥ်းကာ စိုက်ကြည့်လာတော့ ဂျီမင်းက နှုတ်ခမ်းထောင့်တွေကိုတွန့်ချိုးကာရယ်ရင်း ခပ်စူးစူးအကြည့်တို့ဖြင့်တုံ့ပြန်လိုက်သည် ။တစ်ခါတစ်လေ မြွေကို ခေါင်းပုတ်ကစားရတာကလည်းပျော်ဖို့ကောင်းတယ် ။" ပင်လယ်နဲ့နီးတာချင်းတူရင်တော့ ကျွန်တော်ကတော့
Jejudo ကိုပိုရွေးချယ်စေချင်တယ် "
YOU ARE READING
လှပစွာရေးသီသော အမုန်း
Fanfiction~~~ သံသရာအဆက်ဆက် မင်းမျက်ရည်တွေကို ငါခြေဆေးပစ်မယ် ဂျွန် ~~~