Part 2

118 15 2
                                    

#uni

လန်ဝမ့်ကျီးနဲ့ ဝေ့အမတ်ချုပ်ကြီးတို့ စစ်ဗျူဟာရေးဆွဲတိုင်ပင်နေတုန်း သူတို့နန်းဆောင်ထဲ လူတစ်ချို့ ဝင်လာခြင်းကြောင့် သူတို့နှစ်ယောက်လုံး နန်းဆောင်တံခါးဘက်ကို လှည့်ကြည့်လိုက်ကြတယ်....။

" ကျွန်တော်မျိုး ဝေ့ဝူရှန့် အိမ်ရှေ့စံကို ဂါဝရပြုပါတယ် "

" ကျွန်တော်မျိုး ဝမ်ချောင် အိမ်ရှေ့စံကို ဂါဝရပြုပါတယ် "

" ကျွန်တော်မျိုးမ ယင်းယန် အိမ်ရှေ့စံကို ဂါဝရပြုပါတယ် "

နန်းဆောင်ထဲ ဝင်လာတဲ့ လူတွေအကုန်လုံး အိမ်ရှေ့စံကို တွေ့တာနဲ့ တစ်ပြိုင်နက် အိမ်ရှေ့စံကို ဂါဝရပြုကြသည်။

" ရပါတယ်။ ထပါ "

လန့်ဝမ်ကျီးလဲ အသိအမှတ်ပြုလိုက်ပြီးဂါရဝပြုနေတဲ့သူတွေကိုထစေလိုက်တယ်...

" အိမ်ရှေ့စံကို ကျေးဇူးတင်ပါတယ် "

ထိုသုံးယောက်ထံမှ ကျေးဇူးတင်စကား တစ်ပြိုင်နက်တည်း ထွက်လာကြသည်.....

လန်ဝမ့်ကျီးကတော့ ဝေ့ဝူရှန့် တံခါးက ဝင်လာကတည်းက မျက်တောင်မခတ်တမ်းငေးကြည့်နေမိတယ်....။

* လှလိုက်တာ.....ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့ မသုံးသင့်ပေမယ့် ဝေ့ဝူရှန့် မင်းက အရမ်းလှလွန်းတယ်....။ *

ဝေ့ဝူရှန့်လည်း လန်ဝမ့်ကျီးနဲ့ အကြည့်ချင်းဆုံမိခိုက်တွင်...

* သူ....သူက....ရိ ရိပေါ်လား....။ ရိပေါ်နဲ့တူလိုက်တာ...။ ရှောင်းကျန့်....မင်းဘာလို့ သူ့အကြောင်းတွေးနေသေးတာလဲ။ သူက မင်းကို သတ်ခဲ့တာတောင် မင်းက သူ့ကို သတိရနေတုန်းလား....။ စိတ်မနာနိုင်သေးဘူးလား။ မဖြစ်ဘူး....ငါသူ့ကို မေ့နိုင်အောင်ကြိုးစားရမယ်။ သူ့ကိုသတိရတဲ့စိတ်တွေကို ဖျက်ဆီးပစ်နိုင်မှရမယ်...။ *

မျက်ဝန်းထဲ ဝဲတက်လာသော မျက်ရည်စများကို မျက်တောင်ဖြင့် မသိမသာပုတ်ခတ်လိုက်ပြီး....

" အဖေ....ကျွန်တော့်ကို ဘာလို့ခေါ်လိုက်တာလဲ။ ဒီမှာ ကိုယ်လုပ်တော်ယင်းနဲ့ ဝမ်ချောင်တို့ရှိနေတာပဲ။ ကျွန်တော့်ကို လိုအပ်မယ်မထင်ဘူး.... "

The Destiny of Lion and RebbitWhere stories live. Discover now