Part 1

243 17 3
                                    

# Uni

ရှောင်းကျန့် သူ့ရှေ့မှာ ရပ်နေတဲ့ ရိပေါ်ကို မြင်တော့ သွားဖက်မိလိုက်သည်....

" ငါမင်းကို လွမ်းလိုက်တာကွာ....shooting ကြောင့် မင်းကို မတွေ့ရတာ ရက်တော်တော်ကြာနေပြီ...။ အခုမှပဲ ပြန်တွေ့ရတော့.....အ..... "

ရှောင်းကျန့်ပြောနေရင်း သူ့ဗိုက်ထဲ ရုတ်ချည်းဆန်စွာ ဝင်လာတဲ့ ဓားတစ်ချောင်းကြောင့် သူပြောလက်စ စကားတွေ ရပ်တန့်သွားခဲ့တယ်.....။ ရှောင်းကျန့် ပါးစပ်မှလည်း သွေးကြောင်းများစီးကျလာတယ်....။

" အ....မင်း...ဘာလို့လဲ။ ငါမင်းအပေါ်ဘာလုပ်မိလို့လဲ....။ ငါ....ငါ....မင်းအပေါ်ဘာအမှားလုပ်မိလို့လဲ.... "
________________

" အိမ်ရှေ့စံကို လျှောက်တင်ပါတယ်။ မင်းကြီးက ချန်နိုင်ငံကို တိုက်ဖို့အတွက် အမတ်ချုပ်ကြီးနဲ့ အိမ်ရှေ့စံကို ဗျူဟာအတူဆွဲပြီး တိုက်စေချင်ပါတယ်တဲ့ "

ရဲမတ်တစ်ယောက်ရိပေါ်နန်းဆောင်ထဲဝင်လာပြီးလျှောက်တင်လိုက်တယ်။

" အင်း...ငါသိပြီ။ မင်းသွားတော့..... "

အိမ်ရှေ့စံ လန်ဝမ့်ကျီးရဲ့ နန်းဆောင်ထဲဝင်လာတဲ့ ရဲမတ်ကလည်း လန်ဝမ့်ကျီးရဲ့ စကားကို ကြားပြီးပြီးချင်း သူ့စကားအတိုင်း နန်းဆောင်ကနေ ပြန်ထွက်သွားခဲ့သည်။ထို့နောက်.....လန်ဝမ့်ကျီးရဲ့ ကိုယ်ရံတော် ရှဲ့ယီက လန်ဝမ့်ကျီးအနားကို ကပ်လိုက်ကာ.....

" အိမ်ရှေ့စံ....ကျွန်တော်မျိုး အမတ်ချုပ်ကြီးကို သွားခေါ်လိုက်မလား "

ရှဲ့ရီစကားကြောင့်ရိပေါ်အနည်းငယ်စဥ်းစားလိုက်ပြီး

" နေပါစေ။ အမတ်ချုပ်ကြီးက ဒီနေ့မှ ခရီးက ပြန်ရောက်တာလို့ကြားတယ်။ ပြီးတော့ အခုလည်း စစ်ဗျူဟာဆွဲရမယ်ဆိုတော့.....။ သူ့အရမ်းပင်ပန်းပြီး နေမကောင်းဖြစ်သွားရင် ငါတို့ မြို့တော်ရဲ့ ညာလက်တစ်ဖက် ကျိုးသွားသလိုဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်ငါပဲသွားလိုက်မယ်။ ငါလည်း အဲ့ဘက်ကို သွားကြည့်ချင်နေတာနဲ့အတော်ပဲ "

ရှဲ့ရီရိပေါ်စကားကို ထောက်ခံလိုက်ပြီးခေါင်းငြှိမ့်ကာ

The Destiny of Lion and RebbitWhere stories live. Discover now