" ဝမ်နင် မင်းငါ့အခန်းရှေ့မှာ ငါ့ကို ဘယ်သူမှ မနှောင့်ယှက်အောင် စောင့်ကြည့်ထားပေး.... "
ဝေ့ဝူရှန့်က ဝမ်နင်ကို နှစ်ကိုယ်တည်းကြားရသောအသံဖြင့်ပြောလိုက်ခြင်းပင်။
" ဟုတ်....ဟုတ်ကဲ့ပါ...သခင်လေး။ ဒါနဲ့ သခင်လေးက ဘာလုပ်မလို့လဲ "
" ငါ့မှာ လုပ်စရာရှိလို့ပေါ့.... "
" အော်...ဟုတ်ကဲ့ပါ။ သခင်လေး "
ဝမ်နင်ကတော့ အူကြောင်ကြောင်ရုပ်လေးနဲ့ပင်...
ထို့နောက် ဝမ်နင်လည်း ဝေ့ဝူရှန့်ခိုင်းသည့်အတိုင်း ဝေ့ဝူရှန့်ရဲ့ နန်းဆောင်ရှေ့တွင် ဘယ်သူမှမနှောင့်ယှက်အောင် စောင့်နေလိုက်သည်။
ထို့နောက် ရှောင်းကျန့်လည်း ရုပ်ဖျက်ပြီး ဘယ်သူမှ သတိမထားမိအောင် အိမ်တော်အပြင်ဘက်သို့ ခိုးထွက်လာခဲ့သည်....
ဝေ့ဝူရှန့်လည်း အိမ်တော်က ထွက်လာပြီး သူ့ရဲ့ အကြံအတိုင်း လူတစ်ယောက်ကို သွားရှာတော့တယ်။ ညဖြစ်နေသည့်အတွက် သွားတဲ့လမ်းတစ်လျှောက်က မှောင်မိုက်နေတယ်။ သွားနေရင်း ရုတ်တရက် လူတစ်ယောက်ကို ဝင်တိုက်မိကာ လဲကျမလိုဖြစ်သွားတယ်....။ ဝင်တိုက်မိတဲ့ အရှိန်က ပြင်းတာကြောင့် ဝေ့ဝူရှန့်လည်း သူကိုယ်တိုင်တောင် လဲကျသွားမယ်လို့ ထင်ခဲ့ပေမယ့်....လက်တွေ့မှာတော့ လဲကျမသွားခဲ့ပေ။ ထိုအချိန်မှ သူသတိရသွားတာက....
* ဟုတ်သားပဲ။ ငါက သိုင်းတတ်တာပဲ။ အဲ့ဒါကြောင့် ငါတိုက်မိတော့ လဲမကျသွားတာ။ * ( သိုင်းတတ်တော့ ခန္ဓာကိုယ်ကို လဲမကျအောင် ဟန်ချက်ထိန်းနိုင်တယ်လို့ပြောချင်တာပါ )
ဝေ့ဝူရှန့်လည်း သူသိုင်းတတ်တာကိုသိသွားတာကြောင့် သူ့ရဲ့ မူလအစီအစဥ်အတိုင်း လူတစ်ယောက်ကို သွားမရှာတော့ဘဲ ဝေ့အိမ်တော်ကိုသာ ပြန်လာခဲ့တယ်။
အိမ်တော်သို့ပြန်ရောက်ပြီးနောက် ~~~
ဝေ့ဝူရှန့်လည်း သူ့အဖေရဲ့ နန်းဆောင်ဆီသွားကာ....
" အဖေ.....အမေက ဘယ်မှာလဲဟင်... "
" သားရဲ့ အမေက ရွှယ်လင်းမြို့တော်မှာရှိတဲ့ ခမည်းတော်တို့အမျိုးတွေဆီမှာနေနေတာ။ ရွှယ်လင်းမြို့တော်က ပင်လယ်နဲ့နီးတော့ လေကောင်းလေသန့်ရတယ်လေ။ သားရဲ့ အမေကလည်း အဲ့မှာနေရတာ စိတ်ကြည်လင်တယ်ဆိုလို့ အဲ့မှာပဲ နေခိုင်းလိုက်တာ... "
YOU ARE READING
The Destiny of Lion and Rebbit
Fanfiction#uni The Destiny of Lion and Rebbitကိုဒီမှာဆက်တင်ပါမယ်နော် #zawgyi The Destiny of Lion and Rebbitကိုဒီမှာဆက်တင်ပါမယ်နော်