Part3

85 13 0
                                    

အမတ်ချုပ်ကြီးလည်း ဝမ်ချောင်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေတယ်....

" အဖေ...အိမ်ရှေ့စံ ကျွန်တော် ဘာမှမဖြစ်ပါဘူး...။ နာလည်းမနာပါဘူး။ သူ့ကို ဆူမနေပါနဲ့တော့ "

ရှောင်ကျန့်နားညီးလာ၍မြန်မြန်ပြီးပြီးရော ကာပြောပေးလိုက်သည်....အိပ်ယာလေးသာအကောင်းဆုံးပဲအိပ်ချင်တယ်....

" အော်....ဝေ့ဝူရှန့်....အဲ့ဒါဆိုရင် မင်းပြောချင်တဲ့သဘောက မင်းကို ဒီလိုဖြစ်အောင် ငါ့ရဲ့ သား ဝမ်ချောင်က လုပ်တယ်ဆိုတဲ့ သဘောလား။ ဝေ့ဝူရှန့် မင်းက တကယ်မင်းညီကို စွပ်စွဲရက်တယ်ပေါ့။ မင်းအပြင်မှာ ရန်ဖြစ်တာကို ငါဘာမှမပြောပါဘူး။ မင်းညီကို ဒီလို စွပ်စွဲတာတော့ တော်တော်လွန်သွားပြီ "

* WTF ကာလဲပြောပေးရသေးတယ်သူခိုးကလူလာပြန်ဟစ်နေတယ်... အဖွားကြီးရေကျုပ်အိပ်ချင်နေပါပြီဆို အခုခများနဲ့ကစားပေးရအုန်းမယ် *

ရှေယင်ကျန့်သက်ပြင်းတစ်ချက်ချလိုက်ကာကိုယ်လုပ်တော်ယင်းဘက်သို့အိပ်ချင်မူးတူးမျက်လုံးများဖြင့်လှည့်လိုက်ပြီး

" ဟက်....ကိုယ်လုပ်တော်ယင်း....ကျွန်တော်က ခင်ဗျားသားကို ကာကွယ်ပြီးပြောပေးတာကိုကျေးဇူးမတင်ရင်နေပါစေ။ ဘာလို့ကျွန်တော့်ကို စွပ်စွဲနေရတာလဲ။ ရတယ်လေ....။ ခင်ဗျားမှတ်ထားလိုက်..... "

ဝေ့ဝူရှန့်လည်း ပြောပြီးတာနဲ့ ချက်ချင်း နန်းဆောင်ထဲမှ လှည့်ထွက်လာခဲ့တယ်။

ဝေ့ဝူရှန့်ထွက်သွားပြီးပြီးချင်း စကားစဆိုလာတဲ့ သူကတော့ လန်ဝမ့်ကျီးပင်....

" နေပါဦး....ဒါဆိုရင် ကိုယ်လုပ်တော်ယင်းပြောချင်တာက ဝေ့ဝူရှန့်က အပြင်မှာရန်ဖြစ်တယ်ပေါ့။ ဟုတ်လား....။ ဘာလို့ ကျွန်တော် အဲ့ကိစ္စကို မသိရတာပါလိမ့်။ "

လန်ဝမ့်ကျီးရဲ့ စကားပြီးပြီးချင်း ကိုယ်လုပ်တော်ယင်းက ဒူးထောက်ချလိုက်ကာ.....

" အိမ်ရှေ့စံကို ကျွန်တော်မျိုးမ တောင်းပန်ပါတယ်။ အားရှန့်အပြစ်ပေးခံရမှာစိုးလို့ ဖုံးကွယ်မိတာပါ။ "

" ဝေ့ဝူရှန့်သာ ရန်ဖြစ်ရင် သူတို့ရန်ဖြစ်တဲ့အကြောင်း တရားရုံးတော်ကို ရောက်မှာပဲ။ အဲ့လိုရောက်တာကို ကျွန်တော်က မသိဘဲနေစရာလား.... "

The Destiny of Lion and RebbitWhere stories live. Discover now