နွေလည်မိုးက တဖြောဖြောနဲ့ ရွာတယ်။ အဝေးကနေ ရွာချလာတဲ့ မိုးစက်တို့ရဲ့ အသံက နယ်စပ်ဟိုဘက်ဆီက တစ်စုံတစ်ယောက် စီးနင်းလာမယ့် မြင်းခွာသံအလား...။
ခြောက်နှစ်ကြာအောင် သူစောင့်ခဲ့တယ်။ သူ့ထံလိပ်မူပါတဲ့ စာတစ်စောင်မရှိ..။ သာမာလေကြောင်း မေးမြန်းတဲ့ သတင်းစကားရယ်မရှိ။ မရင်းနှီးတဲ့သူစိမ်းတွေအလည် နေသာပါရဲ့လား စိုးရိမ်မှုမရှိ။ ယုတ်စွအဆုံး သူ့အတွက်ရယ်ပါလို့ ရည်ရွယ်လေသော ချစ်ခြင်းမေတ္တာရယ်မရှိ..။ ဘာကိုများ သူ့မှာ မက်မောတွယ်တာနေရပါသလဲ ရိပေါ်မတွေးတတ်တော့..။
ထိုသူရဲ့ သွေးသားကို ပြုစုပျိုးထောင်ရင်း ခြောက်နှစ်ကျော်ကာလကို ထိုလူ့ကိုယ်ပွားကို မိမိရင်သွေးအရင်းလို စိတ်နှစ်လို့ ပြုစုခဲ့ပါရဲ့..။ သို့သော်ငြား တစ်ချက်လေး ငဲ့မကြည့်ပါခဲ့..။ ဘာလို့များရယ်လို့ ရိပေါ် မေးမြန်းမနေချင်တော့..။ မစခင်က ရှုံးခဲ့တဲ့ ဒီပွဲမှာ ရိပေါ်ဟာ ထိုသူတို့ရဲ့ ခမ်းနားတဲ့ ဘဝကို အထောက်အပံ့ဖြစ်ခဲ့ရုံမျှသာ..။
"အဲ့ဒါ ဝမ်ရိပေါ်မလား... ရှောင်းစစ်သူကြီးရဲ့ ဒုတိယအိမ်ထောင် မဟုတ်လား "
"အို အမိနှယ် တိုးတိုးပြောပါ ကြားသွားရင်မကောင်းဘူးလေ... "
"ကြားကြားပါလေ... သူအမြဲတမ်းဘုံကျောင်းလာတယ်နော် ရှောင်းစစ်သူကြီး စစ်ထွက်သွားတာဖြင့် ခြောက်နှစ်ကျော်ပြီ... မင်္ဂလာဦးညမှာ အရင်ဇနီး မင်းသမီး အန်းလဲ့ မွေးပေးခဲ့တဲ့ ကလေးကို အခန်းထဲ လာပို့ပေးပြီး တစ်နေ့တည်းလက်ထပ်တဲ့အရံကြင်ယာတော်နဲ့ အိပ်ဆောင်ဝင်တာဆို...."
"ဟုတ်တယ် ဟုတ်တယ်... လူငယ်လေးက သနားစရာပါ... မင်းသမီးအန်းလဲ့က သူကလေးမွေးပြီးရင် ရောဂါကြောင့် ကြာရှည်မနေနိုင်မှာ သိလို့ ရှောင်းစစ်သူကြီးအတွက်ရော သူ့ကလေးကို ထိန်းဖို့အတွက်ရော စိတ်ချရတဲ့သူ ရှာရင်း ဝမ်ရိပေါ်ကို ရွေးခဲ့တာတဲ့...."
"အိုး ဒါတင်မကပါဘူးတော်... ရှောင်းစစ်သူကြီးက သူ့ဇနီး မင်းသမီးအန်းလဲ့ကို သိပ်မြတ်နိုးတာ.. သူ့ဇန်ီးက ရွေးချယ်ခဲ့လို့ လက်ထပ်ရပေမယ့် ဝမ်ရိပေါ်ကို သိပ်မုန်းဆိုပဲ... အဲ့ဒါကြောက့် မင်္ဂလာဦးညမှာတောင် မထိခဲ့တာပေါ့... "