မှန်းဆ၍မရနိုင်

3.1K 419 57
                                    

ချစ်ရပါသောရှောင်းတစ်ယောက် မြို့တော်ကို ပြန်လာပြီး သုံးနှစ်ကြာခဲ့တဲ့အထိ ရိပေါ်အပေါ် စိမ်းကားဆဲ။ ဘယ်လိုများ ကြိုးစားရင်ရှောင်းချစ်လာမလဲလို့ တွေးရင်း နေ့နေ့ညည အားထုတ်ခဲ့လဲ ဖြစ်မလာခဲ့ပါ။ နေ့စဥ်နှင့်အမျှ ရှောင်းရဲ့ မေတ္တာကို ရနိုင်မယ့်နည်းလမ်းကို မှန်းဆရင်း မှန်းဆရင်းနဲ့ပဲ ရိပေါ် အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်...။

သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေတော့ရှိပါတယ်။ ဒါကတော့ ရိပေါ်ရဲ့ သားကလေးဟာ ရိပေါ်ကို ကျောခိုင်းသွားခဲ့ပြီ။ ပြီးခဲ့တဲ့ နှစ် နွေရာသီရဲ့ တစ်ညမှာ သားဟာ ရိပေါ်အခန်းဆီ ရောက်လာခဲ့တယ်။ ရှိုက်ကြီးတငင် ငိုကြွေးလို့ ရိပေါ်ကို ပွေ့ဖက်ရင်း တောင်းပန်ခဲ့ပါသေး...။ ရိပေါ်သားကလေးမှာ အမှားတစ်စုံတစ်ရာမရှိပါပဲ ဘာအတွက်ကြောင့်တောင်းပန်ရသလဲ ခုချိန်ထိနားမလည်ခဲ့..။

ကိုးနှစ်အရွယ်ကလေးငယ်ရဲ့ စိတ်ထဲမှာ ဘာကဒီလောက်နာကြင်စေနိုင်သလဲ ရိပေါ်မသိ။ ထူးဆန်းစွာပဲ အဲ့ဒီနေ့ရက်ပြီး နောက်နေ့မှာ သားက လျန်ဟွားအဆောင်ကို ပြောင်းခဲ့ပြီး ရိပေါ်ကိုတော့ ရိပေါ်ကိုယ်တိုင် ကြီးကြပ်ခဲ့တဲ့ ကြာကန်ဘေးက အဆောင်ကို ရှောင်းက ရွေ့ပြောင်းစေခဲ့တယ်။ လျန်ဟွားအတွက်ရည်ရွယ်ခဲ့ပေမယ့် သူမ ခြေတစ်လှမ်းမချခဲ့တဲ့ ထိုအဆောင်ကို ရှောင်းက ရိပေါ်အတွက် စွန့်ကြဲခဲ့ပါတယ်။

အဲ့ဒီအချိန်ကစလို့ လျန်ဟွားရယ် ရှောင်းရယ် သားရယ်က မိသားစုတစ်ခုဖြစ်ပြီး ရိပေါ်ကတော့ ကြာကန်ဘေးမှာပဲ အမြဲထိုင်နေတတ်တဲ့ အမေ့လျော့ခံကြင်ယာဖက်တစ်ယောက်သာဖြစ်လာခဲ့တယ်။ ကံကောင်းတာက စည်းကမ်းတွေအရ ရှောင်းက လတစ်လကို ဆယ့်ငါးညတော့ ရိပေါ်ကို စွန့်ကြဲရတာပဲ။ လတစ်ဝက်လောက် မကြည်မဖြူရောက်လာတတ်တဲ့ ရှောင်းကို မြင်နေရတဲ့ညတွေကပဲ ရိပေါ်ရဲ့ အထီးကျန်ကာလတွေမှာ နှစ်သိမ့်စရာဖြစ်ခဲ့ပါတယ်။

"ဝမ်သခင်လေး... မင်းကြီးကြွလာတယ် အိမ်တော်သခင်ကြီးကလဲ လေ့ကျင့်ရေးကွင်းမှာပါ သခင်လေးလဲအတူပါသွားတာမို့...အဲ့ဒါ.."

အိမ်တော်ထိန်းရဲ့ တုန်လှုပ်နေတဲ့အသံကြောင့် ရိပေါ်ရယ်ချင်မိတယ်။ ဝမ်ရိပေါ်ကို မင်းတို့လိုအပ်တဲ့အချိန်ရှိသေးတာပဲပါလား ဟမ်...။

DivinationWhere stories live. Discover now