3K 191 15
                                    


Yoonjin Short Story

......................................................

မိသားစုတစ်စု​မှာ......

အကြီးတွေကို "အားကိုးထိုက်ရာ" လို့ လူကြီးတွေက သတ်မှတ်တယ်၊

အငယ်တွေကို "ချစ်စရာဆည်းလည်း​လေးတွေ" လို့ တင်စားတယ်၊

အလတ်တွေအတွက်ကော တင်စားစရာ နာမ တစ်ခုခု မသတ်မှတ်ထားကြပေသလား...။

"ဖေဖေ နဲ့ မေမေက ငါ့ကို ဘာလို့များ မချစ်ကြရတာလဲ?"

ကျောင်းလွှတ်ချိန်တွင် ကျောင်းသား ၊ ကျောင်းသူတို့သည် လာကြိုကြသော မိဘများကို မိမိတို့၏ တစ်နေ့တာကို စီကာပတ်ကုံးပြောနေကြရင်း ပျော်ရွှင်​နေကြသည်။

ထိုသို့သော မြင်ကွင်းမျိုးက Min Yoongi ဟူသော ကျောင်းသားလေး၏ မျက်လုံးထဲ၌ ကန့်လန့်ဝင်ရောက်လျက်ရှိသည်။

ဒီလို မြင်ကွင်းတွေဟာ သူ့အတွက်တော့ မရိုးနိုင်စရာ အနာတရတစ်ခုလိုပင် မြင်လေတိုင်း တစ်ဆစ်ဆစ်နာစရာပင်။

Min Yoongi တွင် မွေးချင်းနှစ်ယောက်ရှိသည်။

အသက်၂နှစ်ကျော်ကွာသော အကိုတစ်ယောက်နဲ့ အသက်၄နှစ်ကွာသော ညီမလေးတစ်ယောက်ပင်...၊

အကိုမှာ တက္ကသိုလ်ကျောင်းသားဖြစ်၍ ညီမလေးကမူ အလယ်တန်းကျောင်းသူလေး ဖြစ်သည်။

အကိုဖြစ်သူနဲ့ ညီမလေးဖြစ်သူတို့ကို အဖေနဲ့အမေက သွားကြိုကြသော်လည်း အထက်တန်းကျောင်းမှာ ဝေးလံသောကြောင့် သူ့ကိုတော့ လာမ​ကြိုကြပေ။

အပေါင်းအသင်းလည်း သိပ်မရှိတော့ကြောင့် သူ၏ အိမ်ပြန်လမ်းများမှာ အဖော်မဲ့ခဲ့ရသည်။

ခပ်နွမ်းနွမ်း ကျောပိုးအိတ် အပြာရောင်လေးနဲ့ အထက်တန်းကျောင်းသားလေး၏ ဆယ်ကျော်သက်ကာလမှာ သိပ်​တော့ချိုမြိန်စရာမကောင်းခဲ့ပေ။

ဒါဘဝပါပဲ...
ဒီလိုရှင်သန်နေရတာကိုက ဘဝပါပဲ...

​ပျော်စရာမကောင်းတဲ့ သားလတ်တစ်ယောက်ရဲ့ ဘဝဟာ အိမ်ရဲ့စီးပွားရေး ကျသွားတဲ့အချိန်ကစလို့ ဝမ်းနည်းစရာ အမှတ်တရတွေ​တောင် ပိုလို့ပင်တိုးတိုးလာခဲ့ပါသည်။

Royal , Loyal (Yoonjin)(COMPLETED)Where stories live. Discover now