ဘဝ၏ တစ်ဆစ်ချိုးပြောင်းလဲမှုနှင့်အတူ
Min Yoongi ၏ အသွင်သဏ္ဌန်ပုံစံအနေအထားလည်း သိသိသာသာပြောင်းလဲလာခဲ့သည်။ခပ်နွမ်းနွမ်းတီရှပ် နှင့် ဂျင်းဘောင်းဘီအတိုလေးတွေကို ထည်လဲဝတ်ဆင်ခဲ့သော ကောင်လေးကား ယခုမူ စျေးကြီးကြီး ရှပ်လက်ရှည်များနှင့် ဖျော့တော့တော့စတိုင်ပန့်များကို ဝတ်ဆင်နေတတ်ပြီ။
ရှုပ်ပွပွထွေးငြိနေတဲ့ ဆံနွယ်တွေကား စင်းဖြောင့်နေလေသည်။
၁၇နှစ်အရွယ် Min Yoongi သည် ၁၉နှစ်အရွယ် Min Yoongi နှင့် အရာရာကွာခြားသည်။
ကြင်နာတတ်သော ဝိဥာဥ်နှင့် တောက်ပရွှန်းလဲ့သော မျက်ဝန်းများကတော့ နှစ်ကြာအောင် တည်နေဆဲပင် ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားလေး Min Yoongiသည် စံအိမ်နီနီ၏ ဆက်ခံသူတစ်ဦးဖြစ်လာသည်။
ဘွားဘွားကြီး၏ ပိုင်ဆိုင်မှုတစ်ဝက်ကို ၁၈နှစ် မွေးနေ့၌ လက်ဆောင်အဖြစ်ရရှိခဲ့ခြင်းပင်။
ကျန်တစ်ဝက်ကိုတော့ သခင်လေးက ပိုင်ဆိုင်သည်။
အချိန်၏ တိုက်စားမှုသည် သူ၏ အသွင်သာမက စိတ်ဓာတ်ရေးရာပါ အလုံးစုံပြောင်းလဲခဲ့သည်။
အမှောင်မြင်လန့်တတ်သော ကြောင်သူငယ်လေးဘဝမှ အမှောင်ထဲမှ ကူကယ်ရာမဲ့နေသော ကလေးငယ်များကို ကူညီနိုင်သော သူဌေးလေးဖြစ်လာခဲ့သည်။
အရာရာ လွဲလွဲမှားမှားတွေဖြစ်တတ်သော ဆယ်ကျော်သက်ကလေးလေးသည် အရာရာကိုစီမံနိုင်သည့် အစွမ်းရှိသော လူပျိုလေးဖြစ်ခဲ့သည်။
ဒါတွေသည် သခင်လေးကြောင့်သာ ဖြစ်သည်။
သခင်လေးသည် Min Yoongiအား ချောက်နက်ထဲမှ ဆွဲခေါ်ပေးခဲ့သော ကောက်ရိုးမျှင်လေးနှင့် ဆင်တူသည်။
ထို့အပြင် ပြောင်းလဲမှုများထဲ သခင်လေးအပေါ်ထားသော Min Yoongi၏ သဘောထားများလည်းပါဝင်သည်။
ငေးကြည့် ၊ တွေးကြည့်လျှင် မရေရာသော မတည်မငြိမ်ခံစားချက်များမှ တည်ငြိမ် စစ်မှန်သော ခံစားချက်အချို့က သခင်လေးအပေါ်တွင် ပေါက်ဖွားခဲ့သည်။
YOU ARE READING
Royal , Loyal (Yoonjin)(COMPLETED)
Fanfiction"ဒီည ကိုယ်သခင်လေးမလုပ်တော့ဘူး မင်းက သခင်လေးလုပ်လိုက် ကလေး ကိုယ်က မင်းကို စောင့်ရှောက်မယ်"