သခင်လေး၏ "အလက်"

820 99 13
                                    


"သား!
Seok Jin လေး မေမေ့ရဲ့ သခင်လေး"

စံအိမ်နီနီရဲ့ အုပ်စိုးသူအဖြစ် ကံကြမ္မာက ကျွန်တော့်အား ဤသို့ရေးခြစ်ပေးလိုက်လေသည်။

အသက် ၁၂နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ဘဝဟာ စံအိမ်ကြီးနဲ့ စီးပွားရေးလုပ်ငန်းအဖြာဖြာကို စီမံရေးရာအတတ်ကို သင်ကြားရင်း ကလေးဘဝ ၊ လူငယ်ဘဝ စတဲ့ ဘသတွေကို အဆင့်ဆင့်ဖြတ်သန်းလာရပုံက စည်းစနစ်ကျသည်ဟု ထင်ကောင်းထင်နိုင်ကြပါသော်လည်း အမှန်တကယ်ကျ ငြီးငွေ့ပျင်းအိုက်စရာကောင်းလှသည်။

စိတ်၏ ပျော်ရွှင်ခြင်းကား စံအိမ်ပြတင်းပေါက်မှ ငေးကြည့်လျှင် မြင်နိုင်သော ရွယ်တူကလေးများ ဘောလုံးကစားကြသည့် သလင်းပြင်တွင် ရှိရင်ရှိနေတတ်သည်။

တစ်ခါတရံကျပြန်တော့လည်း ဆောင်းဦးရွက်ကြွေလေးထံတွင် ပျော်ရွှင်ခြင်းများကို ကောက်ရပြန်သည်။

ပုံစံခွက်လို ဘဝမျိုးထဲ၌ Kim Seok Jin တစ်ဖြစ်လည်း သခင်လေး ကျွန်တော်က အပြုံးဆိုတဲ့ အရာဟာ နှုတ်ခမ်းစွန်းတွန့်ကွေးမှု တစ်ခုမဟုတ်လား လို့ပင် အကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ရသည်။

ကျွန်တော့်၏ ဘဝကား ရွှေရည်စိမ်ဘဝမျိုးဖြစ်သည်။

"အလက်ကလေး" ဟူသော စကားလုံးအား ထိုကလေးနှင့်မှ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရသည်။

မှောင်ရီနေသော မှိုင်းညို့ညို့ဘဝမျိုးတွင် ထိုကလေးကား အမှတ်မထင်ခြစ်မိလိုက်သော မီးတောက်ဝါလေးဖြစ်သည်။

လူတစ်ယောက်၏ ဘဝကို တမုဟုတ်ချင်း ပြောင်းလဲပေးနိုင်သူအား ဘဝ၏ အလက်ကလေးဟု တင်စားလေ့ရှိသည်။

ယွန်းကားကျွန်တော့်ဘဝ၏ အလက်ကလေး ပင်ဖြစ်သည်။

ယွန်းကား ကျွန်တော့်၏ နှလုံးသားအား နွေးထွေးစွာ ချည်နှောင်ခဲ့သည်။

ယွန်းသည်သာ ကျွန်တော့်နေ့တွေကို သက်တံ့ရောင်ခြယ်ပေးနိုင်သည်။

ယွန်းသည်သာ...ကျွန်တော့်ဘဝဇာတ်ခုံ၏
ပျော်ရွှင်မှုဇာပါးနှင့် အနားသပ်သော ကတ္တီပါလိုက်ကာစလေးဖြစ်သည်။

Royal , Loyal (Yoonjin)(COMPLETED)Where stories live. Discover now