1.2K 164 31
                                    

နေရောင်ခြည်သည် လိုက်ကာပါး​များကို ဖြတ်သန်း၍ ခြေဖဝါးနုနုထံ ခစားသည်၊

နေကွက်ကလေးများသည် နီစွေး​စွေးပါးမို့မို့လေးများပေါ်တွင် အထင်းသားမြင်နေရသည်၊

Min Yoongi ​လေး၏ လင်းပပ နံနက်ခင်းသည် နုနယ်လှပခြင်းများနှင့်လွှမ်းသည်၊

လက်ချောင်းနုနုလေးများက တလှုပ်လှုပ်နှင့် မကြာခင်မှာပင် လက်လက်တောက်နေသော မျက်လုံးလေးများ ပွင့်သည်၊

မျက်လုံးနှစ်ဖက်ကို လက်ဖြင့်အသာအယာပွတ်သပ်လိုက်ပြီး ကိုယ်လက်သန့်စင်သည်၊

ရေမိုးချိုးပြီး ကျောင်းဝတ်စုံကို သပ်သပ်ရပ်ဝတ်ကာ ကုတ်အင်္ကျီကိုပင် ထပ်လိုက်သေးသည်၊

အညိုသမ်းနေသော ဆံနွယ်များကို လက်ဖြင့်တစ်ချက်သပ်လိုက်ပြီး.....

လက်ဆွဲအိတ်ကို ကိုင်ကာ ထပ်ခိုးမှဆင်းလာသည်၊

တခြားသော ကျောင်းသူ ကျောင်းသားတို့က ခေတ်ပေါ်လွယ်အိတ်အမျိုးမျိုးကို အပြိုင်အဆိုင်လွယ်ကြသော်လည်း Min Yoongi ကမူ အဖိုးဝယ်ပေးထားတဲ့ လက်ဆွဲအိတ်ကိုသာ မငြီးမငြူသုံးလေသည်။

ထပ်ခိုးမှ ဖြေးဖြေးချင်းဆင်းလာရာ၊

ထမင်းစားခန်းမှ သူစိမ်းတစ်ယောက်ရဲ့ အသံကို တိုးတိုးလေး ကြားနေရသည်။

ထိုအသံမှာ တိုးသော်လည်း အလွန်ချိုသာလွန်းသည်။

Min Yoongi ကို ထမင်းစားခန်းသို့ မလာလာအောင် ဆွဲဆောင်သည်။

သိချင်စိတ်လေးကို ပွေ့ပိုက်လို့ ထမင်းစားခန်းထဲ မဝံ့မရဲသွားလိုက်မိလေတော့....

မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ ဧည့်သည်ကြောင့် နှလုံးသားရဲ့ ငါးခန်း​မြောက်က ထကြွလာပြန်သည်။

သခင်လေး....
သခင်လေးပင်ဖြစ်သည်။

ပြန်လှည့်ရန် ကြံနေစဥ်မှာပင် သခင်လေးက စကားစသည်။

"ဒီကလေးက သားအလတ်ပေါ့ ဟုတ်လား အိမ်တော်ထိန်း"

သခင်လေးက ဖေဖေ့အား မေးလေသည်။

ဖေဖေကလည်း သခင်လေးအမေးကို ရိုးကျိုးစွာနဲ့ပဲ ဖြေပြီး ထွက်ပြေးဖို့ ဟန်ပြင်နေတဲ့ Min Yoongi ကို ခေါ်ကာ သခင်လေးအား ဂါရဝပြုခိုင်းသည်။

Royal , Loyal (Yoonjin)(COMPLETED)Where stories live. Discover now