1.1K 163 43
                                    

အရာရာဟာ​ ဝေဝါးမှုများ မသေချာခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။

အသိစိတ်ဟာ လွတ်တစ်ချက် ကပ်တစ်ချက်...။

မရေရာမှုများထဲ သေချာနေသည်က ခပ်ငွေ့ငွေ့ရနေတဲ့ ရင်ခွင်နွေးရဲ့ အထွေးဓာတ်ပင်။

စုံမှိတ်ထားတဲ့ မျက်လုံးတွေကို အားယူပြီး ဖွင့်လိုက်မိလေတော့ သူဟာ တစ်ယောက်သောသူရဲ့ ရင်ထဲမှာ ထွေးလျက်သား။

ဘာတွေများ ဖြစ်ပျက်သွားခဲ့ပါသလဲ...။

အိပ်မက်လား လက်တွေ့လားတောင် မကွဲပြားတော့အောင် ခြောက်ခြားနေသည်။

ဘယ်အရာကို ထိတ်နေမိမှန်းလည်း Min Yoongi မသိပေ။

အားယူကာ စဥ်းစားလိုက်သော်လည်း ခေါင်းက မိုက်ခနဲ...။

"မေ့လဲသွားတာလေ
သတိမေ့သွားလို့ ကားပေါ် ခဏခေါ်လာခဲ့တာ"

စကားသံကြားရာကို မော့ကြည့်မိတော့ လိုက်ကာတစ်ဖက်ခြမ်းက သခင်လေးဟာ သူ့ကို လက်မောင်းတွေကြား ပွေ့ထားခဲ့တာ။

ဖြစ်ပျက်ခဲ့တာတွေဟာ အိပ်မက်တွေမဟုတ်ကြောင်း Min Yoongi သိလာခဲ့ပါသည်။

ပြောခဲ့မိတဲ့ စကားတွေကြောင့် ရှက်ရွံ့သလိုလို တွေးကြောက်မိသလိုလိုနှင့် အဆုံးသတ်မှာတော့ မျက်စိကို စုံမှိတ်လျက် ဒီရင်ခွင်ကျယ်ထဲ နောက်တစ်ချီတိုးဝှေ့မိတော့သည်။

ကျန်သမျှ ကိစ္စအဝအဝကို ချောင်တစ်ချောင်တွင် ခေါက်ထားလိုက်မည်။

အထုတ်ပြေလာသောအခါ ကြံဖန်ဖြေရှင်းလိုက်မည်။

အခက်အခဲတွေကြုံလာရင် ခဲဖျက်နဲ့ ဖျက်ပြီး ''မခက်ခဲ'' လို့ ပြင်ရေးမည်။

ဒီညမှာတော့ သူဟာ ကြောင်လေးတစ်ကောင်ယောင် ဆောင်နေလိုက်မည်။

အရာရာကို ဘေးချိတ်လို့ သခင်လေးကိုသာ တိုးကာဝှေ့ကာ မှီကာရီကာ ချွဲနွဲ့မည်။

မနက်တွင်တော့ ဘာမှမသိသလို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်မည်။

ဘဝတွင် ထိုကဲ့သို့သော လှည့်ဖြားမှု အသေးစားများလေးကလည်း တစ်ခါတရံ လိုအပ်သေးပြန်သည်။

Royal , Loyal (Yoonjin)(COMPLETED)Where stories live. Discover now