Unicode (Zawgyi below)
There's a rumor ( not confirm yet) that the internet will be shut down tomorrow. So I just published some parts I wrote 2 months ago so that all can enjoy.
Jaemin's POV
"Jaemin na ဟိုရောက်ရင် အဘွားကိုလျှောက်မပူဆာရဘူးနော်"
"အင်း"
အမေပြောတာကိုကျွန်တော် ခပ်အေးအေးပဲခေါင်းညိတ်လိုက်တယ် ဘာလို့လဲဆိုတော့ဟိုရောက်ရင်အဘွားကိုနည်းနည်းရစ်ချင်လို့ပါပဲ အဘွားဆီသွားနေတာကို အဘွားကိုမပူဆာဘူးဆိုတာကြီးကမဟုတ်သေးဘူးလေ
အဘွားဆိုတာက အဖေ အမေပြီးရင်ကျွန်တော်အချစ်ရဆုံးပါပဲ
ကျွန်တော်ကလေးပေါက်စအရွယ်ကတည်းက အဘွားကကျွန်တော့်ကိုပြုစုစောင့်ရှောက်လာတာ အခုလိုလူပျိုအရွယ်ရောက်တဲ့အချိန်ထိပါပဲ
နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် အဘွားဆီကိုလာပြီး ၂ လလောက်နေရတဲ့အရသာကိုကျွန်တော်အခုထိမမေ့နိုင်ပါ
ပြီးရင်တော့အဘွားကို တစ်ခုပြီးတစ်ခုပူဆာနေရတာကိုတကယ်နှစ်သက်သူမို့ အဲ့အကျင့်ကြီးကအခုထိပါလာတာထင်ပါရဲ့ တစ်ခုခုဆိုချွဲပဲချွဲချင်နေတာ
အခုတော့ အသက် ၂၀ ကျော် လူပျိုဖြစ်ပြီမို့နွေရာသီကျောင်းပိတ်ရက်ဆိုတာမရှိတော့ပေမဲ့ နွေရာသီတိုင်းအဖွားဆီကိုလာဖြစ်နေတာပါပဲ
လာတိုင်းလည်း အမေကအဘွားအိမ်ကိုမသွားသေးခင် အဘွားကိုမပူဆာဖို့အမြဲပြောတယ် ဟိုရောက်တိုင်းလည်းပူဆာတာကကျွန်တော်ပါပဲ အဘွားကဒီလူပျိုအရွယ်ထိရောက်နေတဲ့သူ့မြေးကိုအလိုလိုက်မြဲလိုက်နေတုန်းပါပဲ
အဘွားကရှေးလူကြီးပီပီရှေးဆန်တယ် အတွေးအခေါ်တွေကကျွန်တော်တို့လိုမလတ်ဆတ်ပေမဲ့ အရမ်းရင့်သန်တယ် အဘွားကကျွန်တော့်အတွက်တော့စွယ်စုံကျမ်းတစ်အုပ်ပါပဲ
ဘာမေးမေးအကုန်သိနေလို့ပါ
လေအောင့်ရင်ဆေးအလွယ်သောက်တတ်တဲ့ကျွန်တော်က အဘွားရဲ့ရှေးနည်းတွေနဲ့သက်သာတာကိုတော့ငြင်းလို့မရပါဘူး
ကျန်းမာရေးရှေးနည်းနဲ့ ဘိုးဘွားကန်တော့ရင် ထမင်းပွဲနဲ့အချိုပွဲအစဉ်လိုက်စီတာတွေကအဘွားအပိုင်နိုင်ဆုံးတွေပါပဲ
YOU ARE READING
Painting In Monochrome
FanfictionThis fic is written in both Unicode and Zawgyi Unicode "လူတွေက နတ်ဘုရားတွေဟာကြင်နာတတ်တဲ့နှလုံးသားနဲ့နွေးထွေးပြီးသာယာလွန်းတဲ့စိတ်ထားနဲ့တောင်ပံတွေရှိကြတယ်လို့ယုံကြည်ကြတယ် မကောင်းဆိုးဝါးနဲ့ဒုက္ခတွေကြားကနေသူတို့ကိုကယ်တင်ဖို့ ဆုတောင်းကိုးကွယ်ကြတယ် မကောင်...