Unicode ( Zawgyi below)
Jaemin's POV
At Night
"ဟာ သေတော့မှာပဲ"
ဒီညည်းတွားမှုကိုကျွန်တော်ဒေါသနဲ့ပြောတာလည်းမဟုတ်သလို စိတ်ရှုပ်မှုနဲ့ပြောတာလည်းမဟုတ်ပါ မောဟိုက်မှုနဲ့ပြောတာပါ
ဟုတ်တယ်
သေမလိုကိုမောနေတာ
စိတ်ညစ်စွာနဲ့လည်း အခုကျွန်တော်ပြန်ရောက်လာတဲ့စံအိမ်ကိုကြည့်ရင်းပြောမိတာ ဒီစံအိမ်ရှေ့ကိုပြန်ရောက်လာတာဒါဘယ်နှစ်ခါမှန်းတောင်မသိတော့ပါ
ဒီကြားထဲပြေးခဲ့ရတဲ့လမ်းတစ်လျှောက်မှာ မြွေနဲ့ ကင်းမြီးကောက်တွေကိုခွကျော်နေရတာကလည်းအဆင်ပြေမနေပါ ပြေးခုန်ပစ်ပြိုင်ပွဲတစ်ခုကို မကောင်းဆိုးဝါးတစ်ကောင်လက်ထဲကနေလွတ်ဖို့ အသည်းအသန်ဝင်ပြိုင်နေရတယ်
ဒါပေမဲ့ ညဘက်တောင်ပြန်ရောက်ပြီးဒီစံအိမ်အရှေ့ကိုပဲပြန်ရောက်လာမှတော့ ဒီပြိုင်ပွဲမှာ မကောင်းဆိုးဝါးကနိုင်နေပြီဆိုတာတော်တော်ကိုထင်ရှားနေပြီပဲ
ဟောဟဲလိုက်နေရင်းနဲ့ပဲစံအိမ်ကြီးကိုကျွန်တော်မျှော်လင့်ချက်မဲ့စွာနဲ့ငေးကြည့်နေမိတယ်
ရွှေရောင်ရှိသော ခြံတံခါးဟာ တော်တော်မြင့်ပြီး ကနုတ်ပန်းတွေအစား မြွေသဏ္ဍာန်တွေနဲ့ပုံဖော်ထားကာ ထိပ်ဆုံးမှာတော့ ကပြင်းထောင်နေတဲ့မြွေနှစ်ကောင်ရဲ့ရန်ငြှိုးပြင်းစွာထိပ်တိုက်တွေ့နေပုံကိုတွေ့ရမှာဖြစ်တယ်
ခြံတံခါးကအစသားနားလွန်းတဲ့အပြင် တကယ့်စံအိမ်ထဲမှာလည်းအတော်သားနားရှာပါတယ် မသားနားတာကအဲ့မကောင်းဆိုးဝါးပဲ
ဒါကကျွန်တော်ကသူ့ကိုမုန်းလွန်းလို့ပြောတာနော်
တကယ်တော့သူလည်းသားနားတယ်
ခြံတံခါးကိုကျော်ပြီးမြင်နေရတဲ့အထဲကစံအိမ်ကြီးက ဘယ်နှစ်ပေကျယ်တယ်လို့ခန့်မှန်းလို့မရအောင်ကိုတော်တော်ကျယ်တယ် အပြင်ဘက်ကနေမြင် တဲ့ပုံစံကအစ အရမ်းသားနားလွန်းလို့ဒါဟာစွန့်ပစ်ခံဘုရင့်နန်းတော်ကြီးလို့တောင်ထင်ရလောက်အောင်ပဲ
YOU ARE READING
Painting In Monochrome
FanfictionThis fic is written in both Unicode and Zawgyi Unicode "လူတွေက နတ်ဘုရားတွေဟာကြင်နာတတ်တဲ့နှလုံးသားနဲ့နွေးထွေးပြီးသာယာလွန်းတဲ့စိတ်ထားနဲ့တောင်ပံတွေရှိကြတယ်လို့ယုံကြည်ကြတယ် မကောင်းဆိုးဝါးနဲ့ဒုက္ခတွေကြားကနေသူတို့ကိုကယ်တင်ဖို့ ဆုတောင်းကိုးကွယ်ကြတယ် မကောင်...