Ch-2

321 51 3
                                    

Unicode (Zawgyi below)

Jaemin's POV

ည ၉ နာရီ

"ခဏနေတောအုပ်ကိုဖြတ်တော့မှာ"

ကားမောင်းနေတဲ့အဖေကပြောပေမဲ့ စိတ်ပြေအောင် game ကစားနေခဲ့တဲ့ကျွန်တော်ကတော့ ဖုန်းကအချိန်ပြဂဏန်းလေးကိုအမြဲတစေကြည့်နေခဲ့လို့ တောအုပ်ကိုဖြတ်တဲ့အချိန်က ည ၉ နာရီဖြစ်နေမှန်းသိနေခဲ့ပြီ

ဆော့လက်စ game ကိုပိတ်လိုက်ပြီး

"ဒီအချိန်ဆိုရင်အဘွားကအိပ်တာလေ"

ကျွန်တော်မကျေနပ်စွာပြောလိုက်ပေမဲ့ အရှေ့ခန်းမှာထိုင်နေတဲ့အမေကဘာမှမပြောသလို ကားမောင်းနေတဲ့အဖေကလည်းသူ့ဘာသာဆက်မောင်းနေတယ်

game မဆော့တော့ဘဲဖုန်းကိုဘေးချလိုက်တော့မှ ပတ်ဝန်းကျင်ကိုကြည့်မိတော့တယ် တကယ်ကိုမှောင်ပိန်းနေရောပဲ

ညအမှောင်ကနက်ရတဲ့ကြားထဲ လှမ်းမြင်နေရတဲ့တောအုပ်က သစ်ပင်ချုံနွယ်တွေက အမှောင်ကိုပိုပြီးနက်စေတယ်

တောအုပ်ကိုဖြတ်ရင် ၃ နာရီလောက်ကြာတာမို့ တစ်လမ်းလုံး game ဆော့ထားပြီးညောင်းနေတဲ့ကျွန်တော့်အတွက်တော့ တစ်ရေးလောက်ကားပေါ်မှာအိပ်လို့ရနေသေးတာပဲ

အနောက်ခန်းမှာတစ်ယောက်တည်းအရမ်းလွတ်လပ်ပြီးကျယ်ကျယ်ထိုင်နေရတာမို့ ကျွန်တော် တစ်ကိုယ်လုံး ကွေးကွေးလေးလှဲချလိုက်တယ် အဲ့နောက်အနားယူဖို့မျက်လုံးတွေကိုမှိတ်လိုက်တယ်

"Game တွေဆော့ပြီးညောင်းပြီမလား"

အမေ့ရဲ့ဆူတဲ့အသံကိုကျွန်တော်ကြားလိုက်ပေမဲ့မျက်လုံးလည်းမဖွင့်သလို လှဲနေရာကနေလည်းမထပါ

"huh အဘွားဆီရောက်ရင် နှိုး"

ဒါလေးပဲပြောပြီး ကျွန်တော်အိပ်ဖို့အရှိန်ယူလိုက်ပါတော့တယ်

>>>>>>>>>

အရာအားလုံးကတိတ်ဆိတ်နေတယ် မှောင်မည်းနေတယ် ပြီးတော့ကျွန်တော်ဟာရွေ့လျားခြင်းကိုအလျင်းမခံစားရပါ

အဖေဟာကားမောင်းနေတယ်လို့ကျိန်းသေတာကြောင့် ကားပေါ်အိပ်နေတဲ့ကျွန်တော်လည်းပဲဒီရွေ့လျားနေတဲ့ခံစားချက်ကိုသိရမှာပေါ့

Painting In MonochromeWhere stories live. Discover now