Unicode ( Zawgyi below)
Jeno's POV
နေရောင်ခြည်ကနေ့ဘက်ရောက်ပြီဖြစ်ကြောင်းသက်သေပြဖို့ကျရောက်လာတာတောင်မှ အိပ်ရာပေါ်က လူသားကနိုးထမလာသေးပါ သေပြီလားလို့စဉ်းစားမိပြန်တော့လည်းဖောက်ထွင်းမြင်နေရတဲ့သူ့နှလုံးသားဟာ ကခုန်နေသေးပြန်တော့ သေတာလည်းမဟုတ်သေးဘူး သတိပြန်ရမလာသေးတာ
လန့်စ်ရဲ့အကြံပေးမှုကြောင့် မနက်မရောက်ခင်အရုဏ်တက်ကတည်းက လူသွင်ပြင်ပြောင်းထားပြီး လူသားနိုးလာတဲ့အချိန်ကိုစောင့်နေရတာ
ကျွန်တော်ကြည့်နေရင်းကပဲ မျက်အိမ်လှုပ်လာတာကိုတွေ့လိုက်လို့ကျောတောင်မတ်သွားမိတယ်
နောက်ဆုံးတော့နိုးလာပြီပေါ့
မျက်လုံးအိမ်လှုပ်ရာကနေမှတစ်ဆင့် မျက်ခွံလေးပင့်ပြီးပုတ်ခတ်ပုတ်ခတ်လုပ်လာတယ် မျက်လုံးပွင့်ရှာပြီ
ပြီးလည်းပြီးရော ဝုန်းခနဲထထိုင်တာပဲ ပြီးမှသူ့နားထင်နားကိုလက်နဲ့ထောက်ရင်း တကျွတ်ကျွတ်လုပ်နေသေးတယ်
လူသားတွေကအားနည်းလိုက်တာ
သူမသိတဲ့အခန်းကိုပတ်ချာလည် အလန့်တကြားနဲ့ကြည့်ပြီး ကျွန်တော်ထိုင်နေတဲ့အခန်းထောင့်ကိုသူ့အကြည့်ကရောက်လာလာချင်းမှာပဲ စိမ်းကားတဲ့အကြည့်ဆီသို့ကူးပြောင်းသွားတော့တယ်
"ခင်ဗျားဘယ်သူလဲ ဒါခင်ဗျားအခန်းလား"
မာလိုက်တဲ့လေသံက ရုပ်ရည်နဲ့တောင်တစ်စက်မှမလိုက်ဘူးပဲ
မျက်လုံးလေးပွင့်လာတော့ကောင်လေးက ပိုကြည့်ရအဆင်ပြေသားပဲ အင်း လူသားတွေလိုဆိုရင်ပိုချောတယ်လို့ပြောတာ ဒါပေမဲ့ သူ့လေသံကြောင့်မျက်မှောင်ကုတ်လိုက်မိတယ်
အသက်ရှင်လာရတဲ့ နှစ်ပေါင်း 8000 မှာ ဒီလိုလေသံမျိုးကျွန်တော်တစ်ခါမှမကြားဖူးပါ ကျွန်တော်ဒီလိုအသံမျိုးနဲ့ပြောခံရဖူးတာဆိုလို့ကျွန်တော်ခေါင်းမော်မကြည့်ရဲတဲ့ ကျွန်တော့်အဖေဖြစ်တဲ့ သေခြင်းကိုအစိုးရတဲ့နတ်ဆိုးပဲရှိတယ်
"ငါ့ကိုမြင်ရင်းနဲ့နိုးလာပြီးမှ ငါ့အခန်းလားဆိုတော့က...."
YOU ARE READING
Painting In Monochrome
FanfictionThis fic is written in both Unicode and Zawgyi Unicode "လူတွေက နတ်ဘုရားတွေဟာကြင်နာတတ်တဲ့နှလုံးသားနဲ့နွေးထွေးပြီးသာယာလွန်းတဲ့စိတ်ထားနဲ့တောင်ပံတွေရှိကြတယ်လို့ယုံကြည်ကြတယ် မကောင်းဆိုးဝါးနဲ့ဒုက္ခတွေကြားကနေသူတို့ကိုကယ်တင်ဖို့ ဆုတောင်းကိုးကွယ်ကြတယ် မကောင်...