CHAPTER - 4
[Lost in Rain]Unicode -
" ယောင်းလေး သားဒီနေ့လည်း အပြင်ထွက်ဦးမှာလား "
လူတစ်ယောက်လုံး အိမ်အဝရောက်နေသည်ကို မြင်နေပါရက်နှင့်အပြင်ထွက်ဦးမှာလားဟု မေးနေသေးသော မိခင်ကြောင့် ထယ်ယောင်း ဖြေရခက်သွားသည်။ ဂျောင်ဂုနှင့်သူ့ကို ခွင့်ပြုထားသော မျက်နှာရှိသေး၍ ဖြေရခက်လည်း လွယ်အောင်ဖြေရမည်။
" ဟုတ်တယ်လေ အမေရဲ့။ သား ဂျောင်ဂုနဲ့တွေ့ဖို့ ချိန်းထားတယ် "
သားဖြစ်သူနှုတ်ဖျားက ဂျောင်ဂုဟူသော နာမည်ကြောင့် မိခင်ဖြစ်သူမှာ မျက်နှာအနည်းငယ် ပျက်ယွင်းသွားသည်။ သို့သော် ထယ်ယောင်း မရိပ်မိသေးခင် သူ့မျက်နှာအမူအရာကို ချက်ချင်းပြင်လိုက်ကာ ပြုံးရွှင်သောမျက်နှာထားဖြင့် သားဖြစ်သူဆီ ချဥ်းကပ်လာခဲ့သည်။
" သားမသွားခင် လက်မှာ ဒါလေးပတ်သွားလိုက်ဦး။ အမေတို့ငယ်ငယ်က အချစ်ရေးကံကောင်းအောင် ပတ်လေ့ရှိတဲ့ အဆောင်လက်ဖွဲ့ကြိုးမျိုးပဲ။ သားရည်းစားရရင် ပေးလို့ရအောင်ဆိုပြီး အမေနဲ့ရင်းနှီးတဲ့ နတ်ဆရာမတစ်ယောက်ဆီမှာ သွားလုပ်ထားတာလေ။ အခု ဒါလေး ပတ်သွားလိုက်နော် "
မိခင်ဖြစ်သူ၏စကားက ရှေ့နောက်မညီသော်လည်း သာမာန်လက်ပတ်ကြိုးသာဖြစ်၍ မိခင်စိတ်ကျေနပ်အောင် ထယ်ယောင်း သူ့လက်မှာ လက်ပတ်ကြိုးလေး ချည်လိုက်သည်။ ဤသို့တိုင် မိခင်ဖြစ်သူမှာ ပေးစရာမကုန်သေး။
" ပြီးရင် လည်ပင်းမှာ ဒါလေးဆွဲသွားလိုက်ဦး။ ဒါက အချစ်ရေးအတွက် အနှောင့်အယှက်တွေ ဖယ်ရှားပေးလိမ့်မယ် "
လက်ဝါးကပ်တိုင် အမှတ်အသားလေးပါသော ဆွဲကြိုးလေးကိုမြှောက်ပြရင်း ခေါင်းငုံ့ခိုင်းလာသော မိခင်ကြောင့် စိတ်ကျေနပ်ရင်ပြီးရောဟု သဘောပိုက်ကာ ထယ်ယောင်း ခေါင်းငုံ့ပေးလိုက်သည်။ ဆွဲကြိုးလေးဝတ်ပေးပြီးတော့မှ မိခင်ဖြစ်သူက ထယ်ယောင်းကို ကျေကျေနပ်နပ်ကြည့်ရင်း အပြင်ထွက်ခွင့်ပြုလိုက်၏။
" ကဲ ဒီလောက်ဆို ပြီးပြည့်စုံသွားပြီ။ ငါ့သားလေး အနှောင့်အယှက်ကင်းကင်း ရည်းစားနဲ့ချိန်းတွေ့နိုင်ပါစေ။ မိုးလည်း သိပ်မချုပ်စေနဲ့နော် "
YOU ARE READING
Rain On Me (Completed)
Short Story🏅Best Fiction Award (Eden Contest) မိုးတဖွဲဖွဲရွာတဲ့ နေ့လေးတစ်နေ့မှာ ကျွန်တော့်ဘဝရဲ့ ပထမဆုံး သူငယ်ချင်းနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ နောက်တော့ သူက ကျွန်တော့်ရဲ့ ပထမဆုံးချစ်သူဖြစ်လာခဲ့ပြီး မိုးရာသီဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တည်လာခဲ့တယ်။