⛈️⛈️ကိုယ့်ဘဝရဲ့ နတ်မိမယ်⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်တော်အတိုင်း💕Episode ♥ 5 ♥
"သခင်လေး"
ချုန်း မှိတ်ထားသည့်မျက်ဝန်းတွေအားဖွင့်လိုက်သည်
"ကျွန်တော်အရေးကြီးပြောစရာရှိပါတယ်"
ချုန်း ပြောဆိုသည့်သဘောဖြင့် မေးဆတ်ပြလိုက်တော့
လင်း လက်ထဲကစာရွက်လေးအားမဝံ့မရဲဖြင့် ကမ်းပေးလိုက်သည်
"ဘာလဲ"
ချုန်း ယူကာကြည့်လိုက်ပြီး
"ဒါက မိုးနတ်သားရဲ့ ကျောင်းအပ်တဲ့စာရွက်မလား အဲ့တာ ဘာလို့လဲ"
ချုန်း စာရွက်လေးအားဖတ်ကြည့်လိုက်သော်
အမိနာမည် ~ ဒေါ်နတ်မိမယ်
"ဒါ...ဒါက!!!!!မယ်လား"
လင်း လက်ထဲကဓာတ်ပုံထပ်လေးအား ကမ်းပေးရင်း
"ကျွန်တော်ကျောင်းအပ်စာရွက်က အမေနာမည်ကမိန်းကလေးနဲ့တူနေလို့ မိုးနတ်သားအကြောင်းစုံစမ်းခဲ့တာပါ အရင်နေ့တွေက မသေချာတာနဲ့မပြောဖြစ်တာပါ တောင်းပန်ပါတယ်သခင်လေး"
ချုန်း လက်ထဲက ဓာတ်ပုံထပ်လေးအား ယူကာဖွင့်ကြည့်လိုက်သည်
ချုန်းမျက်ဝန်းတွေ လင်းလက်သွားကာ နှုတ်ခမ်းတွင်အပြုံးတွေ ဖြစ်တည်သွားခဲ့ရင်း
"တကယ်....တကယ်မယ်ပဲ"
ချုန်းဓာတ်ပုံတွေကြည့်နေရင်း မိုးနတ်သားလေးအားကျောင်းကြိုနေသည့်ပုံလေးကြောင့်
"မယ်နဲ့ မိုးနတ်သားလေးက....."
"မိုးနတ်သားက မိန်းကလေးရဲ့ သားပါ"
"သ....သား"
ချုန်း မထင်မှတ်ထားသည့်ကိစ္စကြောင့် ခေါင်းတွေပင်မူးနောက်သွားရသည်💭💭💭💭💭
"သားကယောက်ျားလေးကို
သားကမေ့ကိုကာကွယ်ရဦးမှာ ဒီလောက်အနာလေးကိုတောင်ငိုနေရင် မေ့ကိုဘယ်လိုကာကွယ်ရမှာလဲ""ထစ်...ချုန်း...မိုး မိုး...နတ်...သား သားနဲ့ဦးလေးကြီး နာမည်တစ်လုံးတူတာပဲ"
"မေကပြောတယ် သားဖေကပင်လယ်စာနဲ့မတည့်ဘူးတဲ့ သားကဖေကိုတူလို့တဲ့"
"သား ဖေက ဟိုးအဝေးကြီးမှာ သားအတွက်ပိုက်ဆံတွေသွားရှာနေတာတဲ့"
💭💭💭💭💭
ချုန်း မိုးနတ်သားရဲ့စကားများအားနားထဲ ပြန်ကြားယောင်ကာ
"မိုး...မိုးနတ်သားငါ့..... သားလား"
"..........."
ချုန်း ကုတင်ပေါ်ကဆင်းလိုက်သဖြင့်
"အာ့!!!!!"
လှုပ်ရှားတိုင်း ဆွဲဆုပ်ထားသည့်အလား နာကျင်လှသည်
သို့ပေမယ့်......
"သခင်လေး"
လင်း စိုးရိမ်စွာ ဝင်တွဲလိုက်ပြီး
"သခင်လေးဒဏ်ရာက အရမ်းနက်ပါတယ် လှုပ်ရှားလို့.အဆင်ပြေမှာမဟုတ်ပါဘူး"
"ငါ မယ့်ကိုတွေ့ချင်တယ်"
"ဒါပေမယ့်!!!!!"
VOCÊ ESTÁ LENDO
⛈️ကိုယ့်ဘဝရဲ့ နတ်မိမယ်⛈️<ÖR>💕ဦးရဲ့အမိန့်တော်အတိုင်း💕
Romance"ဆေးလိပ်တွေ အရက်တွေမကောင်းတော့ရော ဘာဖြစ်လဲ အနည်းဆုံးတော့ အိပ်မပျော်တဲ့ညတွေအဖော်ပြုပေးနိုင်တယ် မင်းတောင်ကိုယ့်အနားမှာရှိနေပေးလို့လား ကိုယ့်အနားကထွက်ခွာမသွားဘူးလို့ ကတိပေးခဲ့တာမင်းပါ အဲ့ကတိကိုဖျက်ပြီးအနားကထွက်သွားတာလဲမ...