Episode ♥ 25 ♥

2.1K 79 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 25 ♥

"မယ်​"
သူ​ခေါ်လိုက်​​တော့ သူမ​လေး​ခြေလှမ်း​တွေရပ်​တန့်​သွားရသည်
"မယ်​....တကယ်​မင်းပဲ"
ချုန်း မယုံကြည်​နိုင်​စွာ ထပ်​​ပြောလိုက်​​တော့မှ မယ်​လှည့်​ကြည့်​လာကာ
"ဦ...ဦးချုန်း"
ချုန်း မယ်​​ဘေးကမိုးနတ်​သား​လေးအားကြည့်​လိုက်​​တော့
"ဦးဦး"
သူ့အား​ခေါ်ကာ ချုန်းထံ​ပြေးလာ​သော က​လေး​လေး
"သား....."
မယ်​ ​ခေါ်​ပေမယ့်​ သားကသူ့ထံ​ပြေးသွားသည်​​လေ
သား​ပြောတဲ့ ဦးဦးဆိုတာက.....ဦးချုန်းလား
ကံကြမ္မာကအရမ်းကို ကျီဆယ်​လွန်းလှသည်
မယ်​ ဘာဆက်​လုပ်​ရမလဲ

သား ချုန်းအား​မော့ကြည့်​ကာ
"ဦးဦး ဘာလို့ သားဆီမလာတာလဲ"
ချုန်း ထိုက​လေး​ရှေ့ထိုင်​လိုက်​ကာ​ခေါင်း​လေးအားအုပ်​ကိုင်​ရင်း ​သေချာကြည့်​မိလိုက်​သည်
မိုးနတ်​သား​လေးက ငါ့သားလား
ချုန်းဘာမှမ​ပြောမိ
"ဦးဦးလို့ သား​မေး​နေတယ်​​လေ"

မယ်​ ​​ကြောက်​ကာ​ခြေဖျားလက်​ဖျား​တွေပင်​​အေးစက်​လာရသည်
"သ..သားဒီကိုလာခဲ့"
မယ်​ သားကိုပြန်​​ခေါ်လိုက်​မိ၏
သားက မယ့်​အနားပြန်​​ပြေးလာခဲ့​သော်​ မယ်​သားလက်​အားတင်းကြပ်​စွာဆုပ်​ကိုင်​ထားမိသည်
မယ်​ သားကို​တော့မ​ပေးနိုင်​ပါ
သားကသာ မယ်​ရဲ့ဘဝမို့

ချုန်း ပြန်​ထလိုက်​ပြီး မယ်​အားကြည့်​လိုက်​ကာ
"မယ်​ မင်းကိုယ့်​ကိုရှင်းပြသင့်​တယ်​မထင်​ဘူးလား"
မယ်​ ပျက်​ယွင်း​နေ​သော မျက်​နှာအားအတတ်​နိုင်​ဆုံးထိန်းရင်း
မျက်​နှာထက်​ဟန်​​ဆောင်အပြုံးတစ်​ခု ဖန်​တီးလိုက်​ပြီး
"မ​တွေ့တာကြာပြီ​နော်​ ဦးချုန်း"
ချုန်း သူ့အားဘာမှမဖြစ်​သလိုနှုတ်​ဆက်​လာ​သော မယ့်​အားကြည့်​ကာ နားမလည်​နိုင်
"မယ်...."
မယ်​ ဦးချုန်းစကားများအားဆက်​နားမ​ထောင်​ချင်​​ပေ
ဒါ​ကြောင့်​ ဦးချုန်း​ရှေ့က​နေ​ပြေးထွက်​ချင်​စွာဖြင့်
"မယ်​ကိုခွင့်​ပြုပါဦး"
မယ်​ သားလက်​အားကျစ်​​နေ​အောင်​ဆွဲကာ ဦးချုန်း​ရှေ့က​နေ အမြန်​ဆုံး​ပြေးထွက်​ဖို့ကြိုးစား​ပေမယ့်​လည်း
မယ့်​လက်​အားလှမ်းဆွဲလိုက်​​သော ဦးချုန်း​ကြောင့်​ မယ်​ ထိတ်​လန့်​သွားရပြီ
မယ့်​ ​ခေါင်းထဲတွင်​​အချက်​​ပေးသံများမြည်​ဟီးသွားရင်း
တောင်းပန်​ပါတယ်​ ဦးချုန်း ​ကျေးဇူးပြု၍ မယ့်​ကိုလွတ်​​ပေးပါ......
မယ်​စိတ်​ထဲအထိတ်​တလန့်​​ရေရွတ်​မိလိုက်​သည်
ချုန်း နံ​ဘေးနားတွင်​ရပ်​​နေ​သောလင်းအား
"လင်း သားကိုခဏ​ခေါ်သွား"
"ဟုတ်​"
လင်း မယ့်​လက်​ထဲကသားအား ဆွဲကာခပ်​လှမ်းလှမ်းသို့​ခေါ်သွားလိုက်​သည်
လင်း​နောက်​မှာ ပါသွား​သည့်​သားက အ​မေဖြစ်​သူအားလှည့်​ကြည့်​လှည့်​ကြည့်​နှင့်
မယ်​ သားအားစိတ်​မချစွာလှမ်းကြည့်​​နေစဉ်
"ကိုယ့်​ကိုပဲ အာရုံစိုက်​"
သူ့အသံသြသြ​ကြောင့်​ မယ်​​ရှေ့မှာရပ်​​နေ​သောဦးချုန်းအားကြည့်​လိုက်​မိသည်
၆နှစ်​.....မယ်​နဲ့သူမ​တွေ့ဖြစ်​ခဲ့တဲ့ ​ခြောက်​နှစ်​အတွင်းမှာ သူလုံးဝ​ပြောင်းလဲမသွား
သူ့မျက်​ဝန်း​တွေ အရင်​တိုင်းပဲပင်
မယ်​ ဦးချုန်းလက်​ထဲက​လက်​များအား ရုန်းထွက်​ဖို့ပြင်​လိုက်​​သော်​လည်း သူကလွတ်​​မ​ပေး
မယ့်​အား သူ့​ရှေ့က​နေ​ပျောက်​သွားမည်​ကိုစိုးရိမ်​​နေသည့်​ပုံ
"မယ့်​ကိုလွတ်​ပါ"
"မင်းအရမ်းအပုန်း​ကောင်းတာပဲမယ်​ ကိုယ်​မင်းကိုလိုက်​ရှာ​နေတာ၆နှစ်​ မင်းတကယ်​အပုန်း​ကောင်းတာပဲ"
"မယ်​ ဦးချုန်းအနားမှာမ​နေချင်​လို့ထွက်​​ပြေးခဲ့တာ​လေ ဘာလို့ဦးချုန်းကလိုက်​ရှာ​နေရတာလဲ"
"မယ်​....မင်း!!!!!အာ့"
အနည်းငယ်​လှုပ်​ရှားလိုက်​သည်​နှင့်​ ဝမ်းဗိုက်​ကဒဏ်​ရာကနာကျင်​သွားလျက်

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Opowieści tętniące życiem. Odkryj je teraz