Episode ♥ 24 ♥

1.6K 57 1
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 24 ♥

မယ်​ အခန်းထဲမှာထိုင်​ကာငိုရှိုက်​ရင်း ဦးချုန်းထံဖုန်း​တွေအဆက်​မပြတ်​ဆက်​မိသည်
📱လူကြီးမင်း​ခေါ်ဆို​သော တယ်​လီဖုန်းမှာစက်​ပိတ်​ထားပါသဖြင့်​.....📱
မယ်​ထပ်​ခါထပ်​ခါ​ခေါ်​နေမိသည်
"ဘာလို့လဲ ခုနက သူမနဲ့​တောင်​ဖုန်း​ပြော​နေတာပဲမလား ဘာ​ကြောင့်​လဲ ဟင့်​ ဦးချုန်း မယ့်​ကို​မေ့သွားပြီမလား"
မယ်​ ရင်​ဘတ်​ထဲကအရမ်းနာတာပဲ
မဟုတ်​ဘူးမလား.....သူလိမ်​​နေတာဖြစ်​ရမယ်​ဟုတ်​တယ်
ဦးချုန်း မြန်​မြန်​ပြန်​လာပါ​တော့​နော်​ မယ်​ခံနိုင်​ရည်​မရှိ​တော့ဘူး
မယ်​အရာအားလုံးသည်းခံနိုင်​တယ်​ဒါ​ပေမယ့်​ ဦးချုန်းရဲ့ဥပက္ခာ​တွေကိုခံနိုင်​ရည်​မရှိဘူး

🌹°°°°°🌹°°°°°🌹°°°°°🌹°°°°°🌹°°°°°🌹

မယ်​ တကိုယ်​လုံးကိုင်​ရိုက်​ထားသလိုနာကျင်​​နေစွာ
မယ်​ ကျိမ်းစပ်​​နေတဲ့မျက်​လုံး​တွေကိုမဖွင့်​ချင်​ဖွင့်​ချင်​ဖွင့်​လိုက်​​တော့ ​ကြီး​မေရဲ့စိုးရိမ်​တကြီးဖြစ်​​နေ​သော မျက်​နှာကိုဦးစွာ​တွေ့လိုက်​ရ​ပေသည်
"ကြီး​မေ"
မယ်​ တိုးညှင်းစွာ​ခေါ်လိုက်​မိ၏
"မယ်​​လေး....သတိရလာပြီလား"
"မယ်​....မယ်​ဘာဖြစ်​တာလဲ"
ကြီး​မေက မယ့်​အားစိုးရိမ်​စွာကြည့်​ပြီး
"​မေခင်​လာ​တော့ အဖျားကြီးပြီးသတိလစ်​​နေတာ ဘာလို့​နေမ​ကောင်းတာ​မေခင့်​ကိုမ​ပြောရတာလဲကွယ်​"
မယ်​ ခပ်​ယဲ့ယဲ့သာ ပြုံးပြရင်း
မယ့်​မှာ အားအင်​​တွေမရှိ​တော့​ပေ
"​ကြီး​မေ"
"​ပြော​လေမယ်​​လေး တစ်​​နေရာရာ​နေမ​ကောင်းဖြစ်​လို့လား"
"သခင်​မကြီး​တွေက ဦးချုန်းအတွက်​မိန်းက​လေး​တွေထား​ပေးတာက ဦးချုန်းရဲ့ရင်​​သွေး​ကို​မွေးဖွား​ပေးဖို့ပဲလား"
"ဘယ်​လို​မေးလိုက်​တာလဲ မယ်​​လေးရယ်​"
မယ်​ ​ခေါင်းကိုယမ်းလျက်
"မယ်​သိချင်​လို့ပါ"
မေခင်​ သက်​ပြင်းတစ်​ချက်​ကိုချရင်း
"သခင်​မကြီး​တွေ မိန်းက​လေး​တွေနဲ့ပတ်​သက်​မှုမရှိတဲ့​မြေးဖြစ်​သူကိုစိုးရိမ်​ပြီး ​ကောင်​မ​လေး​တွေ​ရွေးပြီး သခင်​​လေးနဲ့​နေ​စေခဲ့တယ်​ ဒါ​ပေမယ့်​မယ်​​လေးလဲသိပါတယ်​ အဲ့မိန်းက​လေး​တွေအားလုံးထဲမှာမှ မယ်​​လေးကိုပဲသခင်​​လေးကအ​လေးထားတာ"
မေခင်​ မယ်​​လေးကို စိတ်​မ​ကောင်းမဖြစ်​​စေရန်​ဖြည့်​စွက်​​ပြောလိုက်​​သော်​လည်း
"တကယ်​လို့ တစ်​​ယောက်​​ယောက်​ကဒီစံအိမ်​ရဲ့မျိုးဆက်​ကို​မွေးဖွား​ပေးနိုင်​ခဲ့ရင်​​ရော....အဲ့မိန်းက​လေးကဘယ်​လိုဖြစ်​မှာလဲ"
"မယ်​​လေး တစ်​ခုခုဖြစ်​​နေလို့လား"
"ဟင့်​အင်း မယ့်​ကိုအမှန်​တိုင်း​ဖြေ​ပေးပါ​နော်​"
"သခင်​မကြီး​တွေက ဒီစံအိမ်​ရဲ့မျိုးဆက်​ကိုပဲလိုချင်​တာ​လေ ​အဲ့မိန်းက​လေးက​တော့....."
မေခင်​တုံ့ဆိုင်း​နေမိသည်
မယ်​​လေးကို အမှန်​တိုင်း​ပြောလိုက်​ရင်​ မယ်​​လေးစိတ်​ထိခိုက်​သွားမှာစိတ်​ပူသည်
သို့​ပေမယ့်​ ​မေခင်​အ​သေအချာသိသည်​က သခင်​​လေးအတွက်​​မယ်​​လေးက အရာအားလုံးထက်​ပိုတန်​ဖိုးရှိသည်​ဆိုတာကိုပင်
မေခင်​ယုံတယ်​ သခင်​​လေးကမယ်​​လေးကိုဘယ်​​တော့မှစွန့်​ပစ်​မှာ မဟုတ်​ဘူး
"ဟင်​"
"သခင်​​လေးအတွက်​မယ်​​လေးက တခြားမိန်းက​လေး​တွေနဲ့မတူတာသိတယ်​မလား ​မေခင်​အာမခံနိုင်​တယ်​ သခင်​​လေးကမယ်​​လေးကို ဘယ်​​တော့မှထားခဲ့မှာမဟုတ်​ဘူး"
"အဲ့မိန်းက​လေးက က​လေး​မွေးပြီးတာနဲ့ ထွက်​သွားရမှာပဲမလား"
"........."
"ဟင်​....ဟုတ်​တယ်​မလား သူ့ရင်​​သွေး​လေးနဲ့လည်း​နေခွင့်​ရှိမှာမဟုတ်​ဘူး​လေ ကိုယ်​ချစ်​ရတဲ့သူကတစ်​ခြားတစ်​​ယောက်​နဲ့​ပျော်​ရွှင်​​နေတာကိုကြည့်​​နေရမယ်​မလား"
"အို....မယ်​​လေးရယ်​"
မေခင်​ စိတ်​မ​ကောင်းစွာဆိုလိုက်​မိသည်
မယ်​​လေးကို ဘယ်​လိုနှစ်​သိမ့်​ရမယ်​မသိ​တော့
"တစ်​​နေ့ကျ ဟင့်​ မယ်​လဲ အဲ့လိုမဖြစ်​ဘူးလို့....​ပြောမှမရတာ"
မေခင်​ ငို​နေ​သော မယ်​​လေးအားဖက်​ကာနှစ်​သိမ့်​​ပေးရင်း
"သခင်​​လေးက မယ်​​လေးကိုအရမ်းချစ်​တာ မယ်​​လေးသိတယ်​မလား"
မယ်​ ဘာမှပြန်​မ​ဖြေမိ​တော့
မယ်​ သူ့ကိုယုံတယ်​ ဒါ​ပေမယ့်​ မယ်​ကံကြမ္မာကိုမယုံကြည်​ရဲ​တော့ဘူး
အရင်​က မယ်​ဘယ်​လိုအ​ခြေအ​နေပဲ ဖြစ်​ဖြစ်​သူ့အနားမှာ​နေရဲတယ်
ခု မယ့်​ဘဝထဲကိုရင်​​သွေး​လေးဝင်​လာ​တော့မယ်​ဆို​တော့ .....မယ်​​ကြောက်​လာမိတယ်
မယ်​ ဘယ်​လိုမျိုးဒုက္ခပဲ ဖြစ်ြ​​ဖစ်​ခံနိုင်​ပါတယ်
ဒါ​ပေမယ့်​ မယ့်​က​လေး​လေးကို​တော့ဒီလို​တွေမခံစားရ​စေချင်​ဘူး
ပြီး​တော့​ကြောက်​တယ်​ဦးချုန်း
မယ်​ တစ်​ချိန်​ချိန်​ကျ မယ်​က​လေးကို တခြားတစ်​​ယောက်​ရင်​ခွင်​ထဲထည့်​ထားခဲ့ရမှာကို မယ်​​ကြောက်​လာမိတယ်
မယ်​ကိုယ်​တိုင်​သာဆိုရင်​ဦးချုန်းအနားမှာ ဘယ်​လိုအ​ခြေအ​နေမျိုးနဲ့ပဲ ဖြစ်​ဖြစ်​ ဘယ်​လိုအမည်​နာမမျိုးနဲ့ပဲ ဖြစ်​ဖြစ်​​နေနိုင်​တယ်
ဒါ​ပေမယ့်​ မယ့်​ရင်​​သွေး​လေးကို​တော့ မယ်​အ​ကောင်းဆုံး​တွေပဲဖန်​တီး​ပေးချင်​တာ
ဦးချုန်းကဘယ်​အချိန်​ပြန်​လာမယ်​မသိဘူး
မယ်​ကိုလဲ လုံးဝမဆက်​သွယ်​ဘူး
မယ်​ ဘာဆက်​လုပ်​ရမယ်​တကယ်​ကိုမသိ​တော့ဘူးကွယ်
သို့​ပေမယ့်​ မယ်​ဆုံးဖြတ်​ချက်​တစ်​ခုကိုချလိုက်​မိသည်
မယ်​ ရင်​​သွေး​လေးအ​ကြောင်းကို.ဒီစံအိမ်​ထဲကမည်​သူ့ကိုမှ​ပေးသိမည်​မဟုတ်

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Donde viven las historias. Descúbrelo ahora