1

3.3K 459 51
                                    

[Unicode]

အုပ်မှိုင်း​နေ​သော ​ကောင်းကင်ကြီး​အောက်၌
​အေးခဲ​နေ​သော နှင်း​တွေအစဥ်အမြဲဖုံးလွှမ်းလျက်ရှိ​သော​မြောက်ပိုင်း​ဒေသမှ Locus Kingdom ကြီးသည်အုပ်စိုး​သော Jeonဘုရင်၏လက်​အောက်၌စစ်မက်များကင်း​ဝေးလျက်သီးသန့်​နေထိုင်ခြင်းဖြင့်ငြိမ်းချမ်းစွာတည်ရှိသည်။

Jeonမျိုးနွယ်စုတို့သည် ​​အေးခဲ​သော​ဒေသ၌ရှင်သန်
လာသည့်အ​လျောက် နှင်းပွင့်သမျှဖြူ​ဖွေး​သောအသားအ​ရေ ၊ပင်လယ်ပြာလိုရှင်းသန့်သော မျက်ဝန်းပြာ​တွေ
နှင့် ​ငွေမှင်​ရောင်ဆံနွယ်တို့ဖြင့် အလှတရားနှင့်ပက်သက်၍​ကျော်ကြားသည်။

"မင်းသားငယ် နန်း​တော်ထဲမှာ မြှား​လျှောက်မပစ်ပါနဲ့
ထိကုန်​တော့မှာပဲ "

​လေ့ကျင့်ချိန်မဟုတ်ပဲ နန်း​တော်အတွင်းရှိတိုင်လုံးကြီး
​တွေကို ပစ်မှတ်အလား​လျှောက်ပစ်​နေ​သော အသက်
၇ နှစ်အရွယ်မင်းသားငယ်သည် သူ၏အ​စောင့်​တွေရဲ့
စကားကိုမကြားသည့်​ယောင်​ဆောင်ရင်း ခုန်ဆွခုန်ဆွနဲ့
​လျှောက်သွား​​နေမြဲ ။

"မင်းသားငယ် အရှင့်အိပ်​ဆောင်​ရောက်​နေပြီ
မဖြစ်ဘူး "

အလန့်တကြားတားမြစ်သံသည်​နောက်ကျ​လေပြီ၊
မင်းသားငယ်၏ မြှားသည်လက်ဖက်ရည်တည်ခင်း
​နေ​သော ဖခင်ဖြစ်သူနားမှ တိုင်လုံးကြီးထဲစိုက်ဝင်
သွားသည်။

"ခွင့်လွှတ်​ပေးပါ အရှင် ... ခွင့်လွှတ်​ပေးပါ"

"ဟား ... ပါးရဲ့ယုန်​ပေါက်​လေးက​တော်လှချည်လား
လာပါဦး"

ဘုရင်ကြီးသည် မင်းသားငယ်​ရဲ့နောက်လိုက်​အ​စောင့်တွေရဲ့​တောင်းပန်စကားကိုကျော်လွန်၍ သားဖြစ်သူ
ကိုသာ ပြုံးလျက်ဆိုလာသည်။

ထိုအခါမှနောက်လိုက်အ​စောင့်​တွေသည်လည်းဘုရင်၏​ကျေနပ်အားရသည့်မျက်နှာထား​ကြောင့် စိတ်​လျှော့သွားဟန်ဖြင့် ငြိမ်သက်သွားပါသည်။

မင်းသားငယ်သည်ကား ​ပွေ့ဖက်ဖို့လက်​လေးဆန့်တန်း
​ပေးလာ​သော ဖခင်ဖြစ်သူရဲ့ရင်ခွင်ထဲဝင်တိုးပြီး​ခေါင်း​လေးပွတ်သပ်ကာဝင်ချွဲသည်။

Rose & LieWhere stories live. Discover now