8

1.6K 322 57
                                    

[Unicode]

ည​နေ ​မှောင်ရီပျိုးစအချိန်​ရောက်လာ
သည်အထိTaehyungမှာ နန်း​တော်သို့မပြန်ရ​သေးပဲ
Jungkook​နောက်သို့ ပုန်းလျိုးကွယ်လျိုးလိုက်လာရင်းမရဲတရဲသာလှမ်းလာ​သော​ခြေလှမ်း​တွေက Jungkook
အိမ်​ရှေ့ထိ​ရောက်လာသည်။

မိန်းက​လေးကို ချီဝင်သွားတဲ့ပုံရိပ်​ကြောင့် ရင်ထဲမ​အေးရ
တဲ့အပြင် ဘယ်လိုတောင်းပန်စကားကိုဆိုရမည်သာ​တွေး
ရင်းဖြင့် ​ခေါင်းတစ်ခုလုံးအုံခဲ​နေသည်။

Jungkook မှာ Violetကို​နေရာချ​ပေးပြီးသည်နှင့်
အိမ်​ရှေ့၌ ရစ်တီရစ်တီလုပ်​နေတဲ့ ပုံရိပ်​လေး​ကြောင့်
ထွက်​တွေ့ဖို့ လှည့်ရန်ပြင်ချိန် Violetကလက်ကို
ဆွဲကိုင်ပြီး တားသည်။

"ဘယ်သွားမှာလဲ ငါဒဏ်ရာရ​နေတာ​လေ ငါ့​ဘေးမှာပဲ​နေ
​ပေး "

Violet စကားကိုကြားကြားချင်း Jungkookမျက်နှာ
မှုန်ကုပ်သွားသည်။

ဖြစ်ပျက်သွားတဲ့ ကိစ္စမှာ Violet ပ​ယောဂ မကင်းတာ
သူရိပ်မိပြီးသား ၊ ​နေရာတကာ အခုလိုဝင်​နှောင့်​နေတာ
​ကြောင့် စိတ်ညစ်ရတာ ။

ဖြစ်တုန်းကရုတ်တရက်မို့​ကြောင့် အသိစိတ်ခဏလွတ်ပြီး​ဒေါသတွေ​ဆောင့်တက်သွားခဲ့တာ၊ ပြန်​တွေးမိ​တော့မှTaehyungကို ​အော်​ဟောက်ခဲ့မိတာကိုလည်း သူ​နောင်တရသည်။ Taehyungနဲ့ အဆင်မ​ပြေ
ရင် သူ့အစီအစဥ်​တွေ​နောက်ကျသွားနိုင်တာ​ကြောင့် ...

"Violet ငါသူနဲ့ ပက်သက်ရမှဖြစ်မယ့်ကိစ္စ​တွေ ရှိတယ်။
ငါ့ကိစ္စ​တွေကြားဝင်မပါနဲ့ ဒါ​နောက်ဆုံးအကြိမ်သတိ
​ပေးတာ "

မိမိလုပ်ရပ်ကို ရိပ်မိသွားသည်လားဆိုတဲ့စိတ်နဲ့ Violet
သည်ရှက်ရွံစိတ်ဖြင့် ထူပူလာသည်။ ဘယ်​လောက်ပဲ
ပက်သက်ရမှဖြစ်တဲ့ဆက်ဆံ​ရေးတွေ​ကြောင့်ပဲ​ပြော​ပြော
အခုလို Taehyung​ကြောင့် သူမ ချန်ထားခံ​နေရတာမို့
အချစ်​စိတ်နဲ့အတ္တ​တွေ​နောက်မှာ Taehyungအ​ပေါ် အမုန်း​တွေပိုတိုးလာသည်။

.
.
.

"အကို ... အကို ​စောနကအဖြစ်အပျက်အတွက်Taeတကယ်​တောင်းပန်ပါတယ် "

တံခါး​နောက်မှ ထွက်လာသည့်Jungkookကို​တွေ့​သည်
နှင့် အနား​ရောက်လာတဲ့ Taehyungသည်​တောင်းပန်
စကား​တွေ တရစပ်​ရေရွတ်သည်။

Rose & LieWhere stories live. Discover now