9

1.8K 345 87
                                    

[Unicode]

လပြည့်​နေ့မှစပြီး အုပ်မှိုင်း​နေ​သော​ကောင်းကင်ကြီးက
ရက်ဆက်တိုက်​နေရာယူထားသည်။ Mondarမှစာလွှာ
​တွေက locusမှာရှိတဲ့Kim​တွေအတွက် သတင်းဆိုး​တွေ
ကိုသာသယ်​ဆောင်လာသည်။​Mondar ​တောအုပ်ကြီး
ဟာ သုံးရက်ဆက်တိုက်မီး​လောင်ကျွမ်းမှု​ကြောင့် အနီး
အနားရှိရွာငယ်​တွေက ပျက်စီးကုန်​လေပြီ။တစ်ဖန်ရာသီ
ဥတု အပူချိန်​ကြောင့် ​ရေတွင်း​ရေကန်ကြီး​တွေမှာ လျင်
စွာပင်ခမ်း​ခြောက်လျက် အမျိုးအမည်မသိ​သော ပြင်းထန်သည့်ကူးစက်​ရောဂါ​တွေသည်လည်း မြန်​သော
နှုန်းနှင့် ကူးစက်ပျံ့နှံ့​နေသည့်အ​ကြောင်း​တွေ ...

Kim ဘုရင်ကြီးသည် ​ဆေးဝါး၊ ရိက္ခာ​တွေပံ့ပိုးခြင်းမှအပ
တခြား​သော နည်းလမ်း​တွေနဲ့ မ​ဖြေရှင်းတတ်​သေး​​ပေ။

"ပါး ... ကျွန်​တော်​ဆေးအဖွဲ့​တွေနဲ့ လိုက်သွားချင်
တယ်"

"မသွားရဘူး မင်းကဘာနားလည်တာမို့လို့လဲ
ရောဂါ​တွေကကူးစက်တာနဲ့ နှစ်ရက်အတွင်း​သေဆုံးမှု
နှုန်းမြင့်တက်​နေတာ​မို့ ဘယ်​ဆေးဆရာမှမကုနိုင်ဘူး "

အ​ဖေဖြစ်သူရဲ့စကားကို Taehyungသိပ်မ​ကျေနပ်ချင်
ကုလို့မ​ပျောက်ရင် ​ဆေးဆရာ​တွေကို အ​သေခံခိုင်းဖို့ပို့
​နေတာမဖြစ်နိုင်ဘူးလား၊ စိတ်ပူလို့ ညာ​ပြော​နေတာ​ရော
မဖြစ်နိုင်ဘူး လား။

Taehyungက​တော့ အရည်အချင်းကိုထုတ်ပြချင်​နေတာ​ကြောင့် ...

"​ဆေးပညာကို ကျွမ်းကျင်တဲ့လူ​တွေပဲ အ​ဖြေရှာ​တွေ့
​လောက်မှာ​ပေါ့၊ ကျွန်​တော် ​ရောဂါမကူးစက်​အောင်
ဂရုစိုက်​နေပါ့မယ်။ သွားခွင့်ပြုပါ​နော် ... ပါး"

"အပြင်ကအ​စောင့်...မင်းသားငယ်ကို ပြန်​ခေါ်သွား​တော့၊ ပြီးရင် ရဲတိုက်မှာအ​စောင့်​တွေထပ်ဖြည့်ထား အပြင်မထွက်​စေနဲ့ "

ဘုရင်ကြီးရဲ့အမိန့်ကိုကြား​တော့ Taehyungမှာ မ​ကျေမနပ်ဖြင့် လာဖမ်းချုပ်​သောအ​စောင့်​တွေလက်ထဲကရုန်း
ကန်​အော်ဟစ်​လေပါသည်။

"ပါး ... ဘာလုပ်တာလဲ ကျွန်​တော်က​လေးမဟုတ်​တော့ဘူး ပါး အဲလိုမချုပ်ချယ်နဲ့ "

Rose & LieWhere stories live. Discover now