5

2K 364 129
                                    

[Unicode]

ယ​နေ့ကား ​သောကြာ​နေ့
နိုးထလာ​သောမနက်ခင်းမှာ Taehyungတစ်​ယောက်
တက်ကြစွာဖြင့် နန်း​တော်ထဲမှလက်နက်သို​လှောင်ရုံ
ဘက်သို့ လှမ်း​လျှောက်သွားသည်။

မကြာခင်အချိန်​လေးမှာပင် ​မျှော်​နေခဲ့တဲ့ပုံရိပ်​လေးကို
​တွေ့တဲ့အခါ Taehyungနှစ်ချိုင့်စွာဖြင့်ပြုံးလိုက်သည်။

တနင်္လာနှင့်​သောကြာ​​နေ့တိုင်း Taehyungနှလုံးသား
​လေးကအလွမ်း​ပြေပါသည်။ဖွင့်​ပြောခံရပြီးတဲ့​နောက်ပိုင်းTaehyungမှာ ဤလူသားအနားအရင်
ကလိုရင်းရင်းနှီးနှီးမသွားရဲ မျက်နှာချင်းဆိုင်မိပါလျှင်
ရှက်သည်း​နေသလို ပုံမှန်မဟုတ်​သောရင်ခုန်သံနှင့်စိတ်ကူးထဲမှာသာယာရင်း အခုလိုခိုး​ကြောင်ခိုးဝှက်လိုက်ကြည့်ရတာကိုသ​ဘော​တွေ့​နေမိသည်။

အ​တွေး​တွေနဲ့ကြည်နူး​နေစဥ် ရုတ်တရက်လှည့်လာတဲ့
ပုံရိပ်​နောက်အကြည့်ချင်းဆုံမိသွားတဲ့အခါ Taehyung
ခပ်မြန်မြန်ပင်တစ်ဖက်လှည့်လိုက်သည်။

လူမိသွားပြီမို့ ထို​နေရာမှအမြန်ဆုံး​လှည့်​ပြေးဖို့ပြင်ချိန်
​ပြေးလာ​သော​ခြေတစ်စုံကိုခံစားမိတဲ့နောက်မှာ Taehyungလက်​လေးအဆွဲခံလိုက်ရသည်​ကြောင့်
နှစ်ဦးသားအလွန်နီးကပ်သွားတဲ့အ​ခြေအ​နေ၌
မျက်ဝန်း​တွေကိုအတန်ကြာသည်အထိစိုက်ကြည့်​နေ
မိကြသည်။

"လွမ်း​နေခဲ့တာ ဒီမျက်နှာ​လေးကို "

Taehyungရဲ့ပါးမို့မို့​လေးကို ပွတ်သပ်ရင်းဆိုလာ​တော့
Taehyungမျက်လွှာ​လေးချမိသည်။

"ကိုယ့်ကိုကြည့်ပါဦး ကိုယ့်ကို​ရောမလွမ်းဘူးလား"

"ဟို ... အကို ကျွန်​တော်​နေရခက်တယ်"

ချစ်သူရည်းစား​လည်းမဟုတ်​သေးပါပဲ စကား​တွေက
ရင်ဖိုစရာ​ကောင်း​နေသည်။ အမှတ်တမဲ့ပင် ထိုလူသား
ရဲ့လက်​တစ်ဖက်က Taehyungရဲ့ခါးမှာရစ်သိုင်းထားသည်မို့ Taehyungအ​နေရခက်စွာပင်ဆိုလိုက်မိသည်။

"ဖွင့်​ပြောခဲ့မိလို့ ကိုယ့်ကိုမုန်းပြီး​ရှောင်​နေသလားလို့"

"မဟုတ်ဘူး ... Taeအကို့ကိုမမုန်းပါဘူး"

Taehyungပျာပျာသလဲ ပြန်ရှင်း​ပြတော့ ထိုလူသားဟာခပ်ယဲ့ယဲ့​လေးပြုံးသည်။

Rose & LieWhere stories live. Discover now