528 & 1500 (Part-2)

346 22 0
                                    

တီ...တီ....တီ...

Taemin - Hello..

Kai - Yahh.. ဘယ်​မှာလဲ ?!

'ငါလား..အပြင်​မှာ..ကား​မောင်း​နေတယ်​.. ဘာလဲ​ပြော.. '

'မနက်​ဖြန်​ မင်း Noona ​မွေး​နေ့ ငါဘာ​ပေးရင်​​ကောင်းမလဲ?? '

'ဟမ်​?! မနက်​ဖြန်​ ငါ့အမ ​မွေး​နေ့လား? '

'​အေး​လေ..'

'ဟာ.. ငါတကယ်​​မေ့​နေတာကွာ.. ကျွတ်​.. ဒုက္ခ ပဲ..'

'​မေ့​နေတာလား.. မင်း​တော့ ​ထောင်းခံရ​တော့မယ်​.. ​အေး.. ငါဘာ​ပေး၇င်​ ​ကောင်းမလဲ.. မင်းအမ ဘာလို​နေလဲ '

'ငါက ဘယ်​လို လုပ်​လို့ သိမှာလဲကွ '

'​ပြောပြပါကွာ.. ​ယောက်​ဖ ကလဲ'

'ဘာ?! ဟိတ်​​ကောင်​ ..'

'အလကား စတာပါကွာ.. ငါက မင်းအမ ကို အမရင်း တစ်​​ယောက်​လို ချစ်​တာ.. ​ပြောပြ​နော်​.. ​ယောက်​ဖကြီး'

'ဘာ! ခွီးးး '

'ဟီးဟီးဟီး .. သားကြီး..စိတ်​​လျှော့ ကား ​သေချာ​မောင်းဦး.. ​နောက်​ မှ ပြန်​ဆက်​လိုက်​မယ်​ '

Kai က သူ့အား တမင်​ ကလိပြီး ဖုန်းချသွားသည်​..

အမှန်​ Kai က Miyoung အား တကယ်​ မကြိုက်​ပါ.. သူနဲ့ Taemin က ငယ်​ငယ်​ထဲ က ​ပေါင်းလာသည့်​သူငယ်​ချင်း​တွေ ဖြစ်​​သော​ကြောင့်​ Miyoung နဲ့ လဲ ရင်းနှီးပြိးသား ဖြစ်​သည်​.. Taemin က သူ့အမ အား တိုလွန်း ၍ သာ တမင်​ စ​နေခြင်းဖြစ်​သည်​..

ကျွီ....

Taemin ကား ကို ​ကောက်​ရပ်​လိုက်​ပြီး သူတစ်​ချက်​ စဉ်းစား လိုက်​သည်​..သူ့အမ ဘာလိုမလဲ?

ဒိအချိန်​ကြိးလဲ ဘာမှ မရ​တော့​လောက်​ပါ..

နာရီ ကြည့်​လိုက်​ ​တော့ ၁၀ ​ကျော်​​နေ​လေပြိ​..

အမှန်​တကယ်​ ​တော့ သူ့အမ က ဘာမှ မလိုပါ..

သူတို့မိသားစု မှ ချမ်းသာ သည့်​ အပြင်​ သူ့အမ အား သူ့အ​ဖေ က အရမ်းချစ်​သဖြင့်​ ငယ်​ငယ်​ထဲက လို​လေ​သေး မရှိထားခဲ့ သူဖြစ်​သည်​..

သူ​ဘေးဘီ ​လျှောက်​ကြည့်​ပြီး သူ့ကားထဲ မှ ​နေ၍ သူ့အား ဖမ်းစားလိုက်​သည့်​ ဆိုင်းဘုတ်​ လှလှ ​လေး တစ်​ခု အား​တွေ့လိုက်​​လေသည်​..

528 & 1500(Hiatus)Where stories live. Discover now