တီ..တီ...
Onew စာသင်ခန်းထဲ မှာရောက်နေတုန်း ဖုန်း တစ် call ၀င်လာသည်.. ကြည့်လိုက် တော့ သူ့ညီမလေး ဆရာဝန် ဆီက..
သူ ဆရာမ ကို ခွင့်တောင်းပြီး အပြင်ထွက် လိုက်လေသည်..
မနေ့က သူ့ညီမ Taeyoung ဆေးခန်း သွားပြထားတာ ဖြစ်သည်.. ဘာဖြစ်ပြန်ပြီလဲ မသိ?? သူအရမ်း စိုးရိမ်သွားသည်..
'Nae.'
'သား.. Jinki လား?? '
'Nae'.. Dr.'
'သား ညီမ နဲ့ ပတ်သတ် ပြီး ဆွေးနွေးစရာ ရှိတယ်.. ခဏနေ ဆေးခန်း လာပေးလို့ရမလား?? ကျောင်းဆင်းရင် ပေါ့'
'ဘာဖြစ်လို့လဲ ဆရာ.. '
'တွေ့မှ ပြောကြတာပေါ့'
'Nae'.. ဒါဆို ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်'..
သူ ဖုန်းချချ ပြီးခြင်း နာရီ ကြည့်လိုက်လေရာ ကျောင်းဆင်း ချိန်မှာ သိပ်မလိုတော့..
သူအခန်းထဲ တစ်ချက် ချောင်းကြည့် လိုက်လေသည်..Jooyoung မှာ စာသင် လို့ကောင်းတုန်း..
သူ့အား မနှောက်ယှက် လိုတော့..သူ Locker ထဲမှ ကျောင်းလွယ်အိတ်သွားထုတ်ကာ Jooyoung အား Msg လှမ်းပို့လိုက်လေသည်..
'Jooyoung ah... ငါ အရင်ပြန်နှင့်ပြီ.. ဒီနေ့ည နင့် ဘာ့နင် ပြန်လိုက်တော့ နော်..ငါ့ကို မစောင့်နဲ့တော့ .. အကြောင်းရင်း ကို မနက်ဖြန် ကျမှ သေချာ ပြောပြ တော့မယ်'
××××××××××××××××××××××××××××
Jooyoung တစ်ယောက် ကျောင်းရှေ့ မှာစောင့်နေတာ ကြာနေပြီ ဖြစ်သည်.. မှောင်တောင် မှောင်နေပြီ ဖြစ်သည်.. အရေးထဲ ဖုန်းက Battery ကုန်သွား၍ Jinki အား ဖုန်းဆက်၍ မရ.. သူ ဒီနေ့ စာတမ်း အတွက် စာကြည့်တိုက် မှာ စာအုပ်သွားရှာ မလို့ နောက်ကျမယ်လို့ သူ Onew အားပြောထားပြိးသား ဖြစ်သည်..
မစောင့်ပဲ အရင် ပြန်သွားပြီလားမသိ?
မဖြစ်နိုင်.. Onew ဘယ်တုန်း ကမှ သူ့ကို အဲ့လိုမထားသွား ဖူးပါ..
YOU ARE READING
528 & 1500(Hiatus)
Romanceစိတ်မရှည်တဲ့ Minho, Miyoung ရဲ့ Bodyguard ဖြစ်လာသော အခါ...။ Onew , Jooyoung , Eunmi နဲ့ Jonghyun တို့ရဲ့ လေး ပွင့်ဆိုင် အချစ် ဇာတ်လမ်း.. Taemin တစ်ယောက် Taeyoung ဆိုသော လျို့ဝှက်ဆန်းကြယ်လှသော ကောင်မလေး တစ်ယောက် နှင့် တွေ့...