528 and 1500 (Part - 1)
တီ...တီ..
ခြံရှေ့မှ ကားသံ ကြားလိုက်သည်နှင့် Miyoung အဖေ ခေါင်းထောင်လာသည်..
အခုချိန်ထိ သူတမင် မအိပ် ပဲစောင့်နေခြင်းဖြစ်သည်..
'သမီး.. ဘယ်အချိန်ရှိနေပြီလဲ'
'......'
'Appa ကလဲ အချိန်သိချင်ရင် နာရီကြည့်ပါလား.. ဘာလို့ သမီးကို လာမေးနေတာလဲ?? '
'အဖေကို ပြောင်ခြော်ခြော် တွေလာပြောမနေနဲ့.. ဘယ်အချိန်ရှိပြီလဲ..ဒီချိန်မှ အိမ်ပြန်လာရလား..ဒါ မိန်းကလေး တစ်ယောက် အိမ်ပြန်ရမယ့်အချိန်လား? '
'အာ.. သမီး သူငယ်ချင်း မွေးနေ့ရှိလို့ပါဆို..'
'ပြောလိုက် ဆင်ခြေ ဆင်လက် တွေချည်းပဲ.. အခု ဘယ်က ပြန်လာတာလဲ? '
'Club'
'ဘာ!?'
'ဟိုလေ.. အခုခေတ် မွေးနေ့ ပွဲတွေက Club မှာပဲ လုပ်ကြတော့တာ.. အာ့ကြောင့်.. သမီး မလိုက်ချင်ဘူး ငြင်းပါသေးတယ်..hehee.. မကောင်းတတ်လို့ '
'မဖြစ်တော့ဘူး.. နင့်ကို ငါတစ်ခုခု စီစဉ် ပေးမှ ဖြစ်တော့မယ်..'
Miyoung's Mom -
'ဟုတ်တယ်.. ဒီကောင်မလေး ကို ဒီတိုင်းလွှတ်ထားလို့ မရတော့ဘူး.. '
'ငါ စီစဉ်ထားတာ က အဖေ့ သူငယ်ချင်းသား.. သူအဖေက အဖေ့ အပေါ်မှာ ကျေးဇူး တွေ ရှိခဲ့ဖူးတယ်.. သူ နောက်အပတ်နေ.. '
'Appa?!'
Miyoung တစ်ယောက် အလန့်တကြား မျက်လုံးပြူး မျက်ဆန်ပြူး နှင့် ထအော်တော့သည်..
'သမီးကို ယောကျာ်း ပေးစား မလို့လား? အမလေး.. အဲ့လိုတော့ မလုပ်ပါနဲ့ ..အပြစ်ပေးချင် တခြားနည်းနဲ့ ပေးပါ.. ကြေကြေနပ်နပ် ကြီး ခံယူပါ့မယ်..Omma!! ပြောဦး..'
'အော်...နေစမ်းပါဦး.. ငါပြောတာ ဆုံးအောင်နားထောင်.. နင့်ဘယ်သူက ပေးစားမယ်ပြောလို့လဲ '
YOU ARE READING
528 & 1500(Hiatus)
Любовные романыစိတ်မရှည်တဲ့ Minho, Miyoung ရဲ့ Bodyguard ဖြစ်လာသော အခါ...။ Onew , Jooyoung , Eunmi နဲ့ Jonghyun တို့ရဲ့ လေး ပွင့်ဆိုင် အချစ် ဇာတ်လမ်း.. Taemin တစ်ယောက် Taeyoung ဆိုသော လျို့ဝှက်ဆန်းကြယ်လှသော ကောင်မလေး တစ်ယောက် နှင့် တွေ့...