#Zawgyi
ဆိုးလ်မြို့အပြင်ဘက်က JH Groupအပိုင်
ဥယျာဉ်ခြံကြီးထဲ ဒီနေ့မှာတော့ ဂုဏ်သရေရှိလူတန်းစားပေါင်းစုံတို့နဲ့ ပျားပန်းခတ် စည်ကားလို့နေတယ်။သေချာပေါက်စည်ကားရမှာပေါ့။Koreaရဲ့ Top 5ဝင် Companyကြီး2ခုက သားရတနာလေးနဲ့ မြေးရတနာလေး တို့ရဲ့ လက်ထပ်ပွဲကို လာရောက် ချီးမြှင့်ပေးကြတာကြောင့် စည်ကားနေခြင်းပင်။
Waiting roomထဲမှာ Yoongi၁ယောက် မင်္ဂလာအချိန်ကိုစောင့်ရင်း ရင်ခုန်လို့နေတယ်။
YG : ဦးငယ် စိတ်မလှုပ်ရှားဘူးလားဟင်။
JH : ဦးငယ်က တခါမှ မင်္ဂလာမဆောင်ဘူးတော့ နဲနဲတော့ စိတ်လှုပ်ရှားတယ်ကလေး။
YG : ကြည့်! တွေ့လား သူများက အတည်မေးနေတာကို။တခါမှ မဆောင်ဘူးဘူးဆိုတော့ ဘယ်နှခါ ဆောင်ချင်သေးလို့လဲ။ကဲကဲ။
ပါးစပ်က တတွတ်တွတ်ပြောရင်း JHလက်မောင်းကို လက်ပိစိလေးနဲ့ နှစ်ချက်လောက်ရိုက်လိုက်သေးသည်။
JH : အဟားဟား ကိုယ်က ကလေးစိတ်အရမ်းလှုပ်ရှားနေလို့ စိတ်ပျော်သွားအောင် စလိုက်တာပါ။စိတ်မကောက်ပါနဲ့ နော်။
YG : ဟွန့်!
နှာတချက်မှုတ်ကာ နှုတ်ခမ်းလေးထော်ပီး ခေါင်းလေး စောင်းသွားတဲ့ YGကို JHအသည်းမယားပဲ မနေနိုင်စွာ ပါးဖောင်းဖောင်းလေးကိုဆွဲနမ်းလိုက်တော့သည်။
JH : အဲ့လို အသည်းယားအောင်လှုပ်နေ တခါတည်း ဆွဲစားပစ်မိတော့မယ် မွ!
YG : ဟာ ဦးငယ်နော် လူလည်မကျနဲ့။
JH : ကိုယ့်သတို့သားလောင်းလေးကို ချစ်မဝ လို့လေ။
YG : ပိုကိုပိုတယ် ဟွန့်။
JH : ကိုယ်က လိုတောင် လိုသေးတယ် ထင်တာ။
၂ယောက်သား ကျီစယ်နေကြစဉ် လေကျယ်လေကျယ်နှင့် NamJin စုံတွဲဝင်လာကြသည်။
NJ : ဦးကဲကဲနဲ့မောင်သဲသဲ အချစ်စမ်းလို့ ပီးကြပီလား။မင်္ဂလာအချိန်ရောက်တော့မယ် အဆင်သင့်ပြင်ထားကြတော့လေ။
JH : ငါတို့၂ယောက်လုံး readyပဲနော်။မင်းတို့၂ယောက်သာ ဘယ်နားသွားကဲ နေပီး အခုမှရောက်လာတာလဲ။
YOU ARE READING
I'm your Guardian Angel
Romance(Uni&Zawgyi) .ကိုယ်သေသွားသည့်တိုင်အောင်ကလေးရဲ့ဘေးနားမာGuardian Angelအဖြစ်ဆက်ရှိနေမယ်။ #Hoseok .ဦးငယ်က ကျွန်တော့် ရဲ့ ကယ်တင်ရှင်ပါ။ ဦးငယ် ကျွန်တော့်ကို ဘယ်တော့မှထားမသွားပါနဲ့။ #Yoongi